(၁၉.၈.၂၀၂၁)ရက်၊ ကြာသပတေးနေ့တွင်
စိန်တောင်ကျောင်းတိုက်ဆရာတော် အရှင်သုန္ဒရ ဦးဆောင်သော
ရွှေပိုးပရဟိတအသင်း မှ
အလှူရှင် ၊ စေတနာရှင်များအားလုံး၏ စုပေါင်းအလှူတော်အနေဖြင့် မိုးနဲမြို့ ၊ ပေါ့မိုင်းရပ်ကွက်ရှိ ဝမ်းရေးအမှန်တစ်ကယ်ခက်ခဲသော သက်ကြီးဖိုးဖွားများ အပါအဝင် စုစုပေါင်း အိမ်ထောင်စု(၇)စုတို့မှ လူဦးရေ(၁၄)ယောက် နှင့် ဝမ်ဟေကျေးရွာမှာ သက်ကြီးဖိုးဖွား(၂)ဦး စုစုပေါင်း အိမ်ထောင်စု(၈)စု မှ
လူဦးရေ(၁၆)ယောက် တို့အတွက် အခြေခံစားသောက်ကုန်များဖြစ်ကြသော
၁။ ဆန်
၂။ ဆီ
၃။ ဆား
၄။ ကြက်သွန်နီ
၅။ ခရမ်းချဉ်သီး
၆။ ပဲပုတ်
၇။ ကြက် ဥ
၈။ ကြက်သွန်ဖြူ တို့ကို ထောက်ပံ့လှူဒါန်းထားပါသည်။
နောက်နေ့များတွင်လည်း အမှန်တစ်ကယ် စားဝတ်နေရေးခက်ခဲသူများကို ဆက်လက်လှူဒါန်းမည်ဖြစ်သောကြောင့် မည်သူမဆို သဒ္ဒါနည်းများမဆို ပူးပေါင်းပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ အလှူရှင်မိသားစုများအားလုံး ကျန်းမာချမ်းသာပြီး ရောဂါဘယများကင်းဝေးကြပါစေကြောင်း ရွှေပိုးပရဟိတအသင်း မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
ဆက်သွယ် လှူဒါန်းလိုပါက
စိန်တောင်ကျောင်းတိုက်ဆရာတော် အရှင်သုန္ဒရ
KBZ Bank account - 11330111300542801
09.779314565
09.254723710
KPay - 09.254723710
မရှိလို့ မလှူ ၊ မလှူလို့ မရှိ
တစ်ယောက်နဲနဲစီ စုပြီးလှူကြမည်
0 Comments:
Post a Comment