အိမ်ထောင်စု(၁၃)စု မှ လူဦးရေ(၃၇)ယောက်အတွက် စားနပ်ရိက္ခာများလှူဒါန်းမှု

(၁၇.၈.၂၀၂၁)ရက်၊ အင်္ဂါနေ့တွင်

စိန်တောင်ကျောင်းတိုက်ဆရာတော် အရှင်သုန္ဒရ ဦးဆောင်သော

ရွှေပိုးပရဟိတအသင်း မှ
အလှူရှင် ၊ စေတနာရှင်များအားလုံး၏ စုပေါင်းအလှူတော်အနေဖြင့် မိုးနဲမြို့ရှိ တစ်ဦးထဲနေထိုင်သော အသက်(၉၀)ကျော် အဖွားအို နှင့် Home Qဝင်ရောက်နေသော ဆေးရုံဝန်ထမ်းမိသားစု(၂)စု အပါအဝင် အမှန်တစ်ကယ် ဝမ်းရေးခက်ခဲနေကြသော အိမ်ထောင်စု(၁၃)စု မှ လူဦးရေ(၃၇)ယောက်အတွက် အခြေခံစားသောက်ကုန်များကိုသွားရောက်လှူဒါန်းခဲ့ပါသည်။

၁။ ဆန် (၃၄)ပြည်
၂။ ဆီ (၁၃) ဗူး
၃။ ဆား (၁၃)ထုပ်
၄။ ကြက်သွန်နီ (၁၅)ပိဿာ
၅။ ခရမ်းချဉ်သီး (၁၃)ပိဿာ
၆။ ပဲပုတ် (၂) ပိဿာ
၇။ ကြက် ဥ (၁၀၀)လုံး
၈။ ကြက်သွန်ဖြူ (၁)ထုပ် တို့ကို ထောက်ပံ့လှူဒါန်းထားပါသည်။
နောက်နေ့များတွင်လည်း အမှန်တစ်ကယ် စားဝတ်နေရေးခက်ခဲသူများကို ဆက်လက်လှူဒါန်းမည်ဖြစ်သောကြောင့် မည်သူမဆို သဒ္ဒါနည်းများမဆို ပူးပေါင်းပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ အလှူရှင်မိသားစုများအားလုံး ကျန်းမာချမ်းသာပြီး ရောဂါဘယများကင်းဝေးကြပါစေကြောင်း ရွှေပိုးပရဟိတအသင်း မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။


ဆက်သွယ် လှူဒါန်းလိုပါက






စိန်တောင်ကျောင်းတိုက်ဆရာတော် အရှင်သုန္ဒရ
KBZ Bank account - 11330111300542801
09.779314565
09.254723710
KPay - 09.254723710

မရှိလို့ မလှူ ၊ မလှူလို့ မရှိ
တစ်ယောက်နဲနဲစီ စုပြီးလှူကြမည်
ရွှေပိုးပရဟိတအသင်း












0 Comments:

Post a Comment

Shwe Poe Group
. . . .