(၂၂.၈.၂၀၂၁)ရက် ၊ (စနေနေ့) ါခေါင်လပြည့်နေ့ တွင်
စိန်တောင်ကျောင်းတိုက်ဆရာတော် အရှင်သုန္ဒရ ဦးဆောင်သော
ရွှေပိုးပရဟိတအသင်း မှ
အလှူရှင်များအားလုံး၏ စုပေါင်းအလှူတော်အနေဖြင့် လစဉ်ထောက်ပံ့လှူဒါန်းလျှက်ရှိသော
နားခံကျေးရွာ
ပန်အူရွာ
ဝမ်ယေးရွာ
မယ်ဇလီမြိုင်ကျေးရွာ
နမ့်မော်လေရွာ
လွိုင်လျန်းရွာ တို့မှ
ကျောထောက်နောက်ခံ ရှာဖွေကျွေးမွေးမည့်သူမရှိသော
သက်ကြီးဘိုးဘွားများ
ကိုယ်လက်အင်္ဂါမသန်စွမ်းပဲ
တစ်ကိုယ်တည်းနေထိုင်ပြီး
ဝမ်းရေးကိုခက်ခဲစွာဖြေရှင်းနေရသူများ လူဦးရေစုစုပေါင်း(၃၅)ဦး ထံသို့
လူတစ်ဦးလျှင်
ဆန်(၂)ပြည်
ဆီ(၁)ဗူး
ဆား(၁)ထုပ်
ကြက် ဥ(၅)လုံး
ပဲပုတ် (၁၀)ကျပ်သား
ခရမ်းချဉ်သီး(၁)ပိဿာ
ကြက်သွန်နီ(၁)ပိဿာ
ကြက်သွန်ဖြူ(၁၅)ကျပ်သား တို့ကို လိုက်လံထောက်ပံ့လှူဒါန်းထားပါသည်။
နောက်ထပ်လှူဒါန်းမှုများအတွက် မည်သူမဆို ပူးပေါင်းပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။
မရှိလို့ မလှူ ၊ မလှူလို့ မရှိ
တစ်ယောက်နဲနဲစီ ၊ စုပြီးလှူကြမည်
0 Comments:
Post a Comment