အိမ်ထောင်စု(၅၄)စုမှ လူဦးရေ(၁၈၅)ယောက်အတွက် အခြေခံစားသောက်ကုန်များလှူဒါန်းမှု

စိန်တောင်ကျောင်းတိုက်ဆရာတော် အရှင်သုန္ဒရ ဦးဆောင်သော

ရွှေပိုးပရဟိတအသင် မှ
အလှူရှင် ၊ စေတနာရှင်များအားလုံး၏ စုပေါင်းအလှူတော်အနေဖြင့် မိုးနဲမြို့ရှိ အမှန်တစ်ကယ် ဝမ်းရေးခက်ခဲသော အိမ်ထောင်စု(၅၄)စု မှ လူဦးရေ(၁၈၅)ယောက်အတွက် လိုက်လံလှူဒါန်းပေးထားပါသည်။

အခြေခံစားသောက်ကုန်များဖြစ်ကြသော
၁။ ဆန် (၂၁၂)ပြည်
၂။ ဆီ (၅၂) ဗူး
၃။ ဆား (၁၅၀)ထုပ်
၄။ ကြက်သွန်နီ (၁၂၈)ပိဿာ
၅။ ခရမ်းချဉ်သီး (၄၈)ပိဿာ
၆။ ပဲပုတ် (၅) ပိဿာ
၇။ ကြက် ဥ (၃၈၅)လုံး
၈။ ဆူကာသီး (၂၁၆)လုံး
၉။ ဆပ်ပြာမှုန့် (၇၉)ထုပ်
၁၀။ ကြက်သွန်ဖြူ (၃၀)ထုပ် တို့ကို ထောက်ပံ့လှူဒါန်းထားပါသည်။
နောက်နေ့များတွင်လည်း အမှန်တစ်ကယ် စားဝတ်နေရေးခက်ခဲသူများကို ဆက်လက်လှူဒါန်းမည်ဖြစ်သောကြောင့် မည်သူမဆို သဒ္ဒါနည်းများမဆို ပူးပေါင်းပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ အလှူရှင်မိသားစုများအားလုံး ကျန်းမာချမ်းသာပြီး ရောဂါဘယများကင်းဝေးကြပါစေကြောင်း ရွှေပိုးပရဟိတအသင်း မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်

ဆက်သွယ် လှူဒါန်းလိုပါက
စိန်တောင်ကျောင်းတိုက်ဆရာတော် အရှင်သုန္ဒရ
KBZ Bank account - 11330111300542801
09.779314565
09.254723710
KPay - 09.254723710




















မရှိလို့ မလှူ ၊ မလှူလို့ မရှိ
တစ်ယောက်နဲနဲစီ စုပြီးလှူကြမည်
ရွှေပိုးပရဟိတအသင်း

0 Comments:

Post a Comment

Shwe Poe Group
. . . .