အိမ်ထောင်စု(၇၅)စုအတွက် ခရမ်းချဉ်သီးနှင့်အိုင်အိုဒင်းဆား လှူဒါန်းမှု

(၁၄.၈.၂၀၂၁)ရက်၊ စနေနေ့တွင် စိန်တောင်ကျောင်းတိုက်ဆရာတော် အရှင်သုန္ဒရ ဦးဆောင်သော

ရွှေပိုးပရဟိတအသင်း မှ
အလှူရှင် ၊ စေတနာရှင်များအားလုံး၏ စုပေါင်းအလှူတော်အနေဖြင့် မိုးနဲမြို့ ၊ ဆည်မြောင်း(ကတ်နောက်)ရွာ မှ အိမ်ထောင်စု(၇၅)စုအတွက် ခရမ်းချဉ်သီး(၇၅)ပိဿာ နှင့် ဆား အိတ်ကြီး(၁)အိတ်တို့ကို ထောက်ပံ့လှူဒါန်းထားပါသည်။ နောက်နေ့များတွင်လည်း အမှန်တစ်ကယ် စားဝတ်နေရေးခက်ခဲသူများကို ဆက်လက်လှူဒါန်းမည်ဖြစ်သောကြောင့် မည်သူမဆို သဒ္ဒါနည်းများမဆို ပူးပေါင်းပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ အလှူရှင်မိသားစုများအားလုံး ကျန်းမာချမ်းသာပြီး ရောဂါဘယများကင်းဝေးကြပါစေကြောင်း ရွှေပိုးပရဟိတအသင်း မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

မရှိလို့ မလှူ ၊ မလှူလို့ မရှိ
တစ်ယောက်နဲနဲစီ စုပြီးလှူကြမည်
ရွှေပိုးပရဟိတအသင်း


0 Comments:

Post a Comment

Shwe Poe Group
. . . .