(၁၂.၇.၂၀၂၁)ရက် (တနင်္လာနေ့)နံနက်ပိုင်းတွင်
စိန်တောင်ကျောင်းတိုက်ဆရာတော် အရှင်သုန္ဒရ ဦးဆောင်သော
ရွှေပိုးပရဟိတအသင်း မှ
ကျောထောက်နောက်ခံမရှိသော လစဉ်ထောက်ပံ့မှု သက်ကြီးဖိုးဖွားစာရင်းဝင်
နားခံစံပြကျေးရွာမှ အဖိုးလုံးတာ သည် (၉၆)ပါးသောရောဂါဖြင့် ဘဝတစ်ပါးသို့ကူးပြောင်းသွားပါသောကြောင့် နာရေးအတွက် အထောက်အပံ့ဖြစ်စေရန်
ရွှေပိုးပရဟိတအသင်း ၏ စားနပ်ရိက္ခာပဒေသာပင် နှင့် ဆေးပဒေသာပင် တို့မှ
ဆန်၊ဆီ၊ဆား နှင့် စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။
အသင်းအတူနှင့်လိုက်ပါ၍ လုပ်အားဒါနကူညီခဲ့သူများစုပေါင်း၍ နာရေးကူညီမှုအလှူငွေ(၂၀၀၀၀)ကျပ်ကိုလည်း ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။
အဖိုးလုံးတာ ကွယ်လွန်၍ တစ်ဦးထဲ ကျန်ရှိနေခဲ့သော အဖွားပါလိတ် ကိုလည်း
ရွှေပိုးပရဟိတအသင်း မှ လစဉ် စားနပ်ရိက္ခာများ နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက်လှူဒါန်းပေးမည်ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
ထောက်ပံ့လှူဒါန်းသောရိက္ခာများ
==========================
၁။ဆန်(၁၆)ပြည်
၂။ဆီ(၅)ပိဿာ
၃။ဆား(၆)ထုပ်
၄။ဟင်းချိုမှုန့်
၅။ကြက်သွန်နီ(၁၀)ပိဿာ
၆။ကြက်သွန်ဖြူ(၁)ပိဿာ
၇။လက်ဖက်ခြောက်(၁)ထုပ်
၈။အသားတု(၅၀)ကျပ်သား
၉။ကုလားပဲ(၃)ပိဿာ
၁၀။ခရမ်းချဉ်သီး(၂)ပိဿာ
ယခု လှူဒါန်းမှုတန်ဖိုးမှာ
=====================
(၈၇၀၀၀)ရှစ်သောင်းခုနှစ်ထောင်ကျပ်တိတိဖြစ်ပါသည်
မရှိလို့ မလှူ ၊ မလှူလို့ မရှိ
တစ်ယောက်နဲနဲစီ ၊ စုပြီးလှူကြမည်
နတ်လူသာဓုခေါ်စေသောဝ်
0 Comments:
Post a Comment