မိုးနဲမြို့ပေါ်ရှိ စာသင်တိုက်(၅)တိုက်သို့(ပထမအကြိမ်)Maskနှင့် Face shield များ လိုက်လံလှူဒါန်းမှု

(၈.၇.၂၀၂၁)ရက်၊ နယုန်လကွယ်နေ့ ၊ ညနေပိုင်းတွင်

စိန်တောင်ကျောင်းတိုက်ဆရာတော် အရှင်သုန္ဒရဦးဆောင်သော
ရွှေပိုးပရဟိတအသင်မှ
အလှူရှင်များအားလုံး၏ စုပေါင်းအလှူတော်အနေဖြင့် မိုးနဲမြို့ပေါ်ရှိ စာသင်တိုက်များဖြစ်ကြသော
ဝိဇ္ဇာရိယကျောင်းစာသင်တိုက်
သာသနပါလကျောင်းစာသင်တိုက်
ချမ်းသာကြီးကျောင်းစာသင်တိုက်
ဆုတောင်းပြည့်ကျောင်းစာသင်တိုက်
စိန်တောင်ကျောင်းစာသင်တိုက် တို့မှ ဆရာတော် ၊ သံဃာတော်များနှင့် စာဝါသင်ယူနေကြသော ကိုရင်လေးများအတွက် ဆွမ်းခံထွက်ခြင်း ၊ ဆွမ်းဂျိုင့်ပို့ခြင်း ၊ ဆွမ်းဂျိုင့်ယူခြင်းတို့အပြင် အခြားလိုအပ်သောအချိန်များ နှင့် မြို့တွင်းသို့သွားလာရသည့်အချိန်များတွင် Covide-19 ကပ်ရောဂါဆိုးကြီးမှ ကင်းဝေးစေရန်အတွက် မဖြစ်မနေ Mask(နှာခေါင်းစည်း)များကို တပ်ဆင်အသုံးပြုနိုင်ရန် မိုးနဲမြို့ပေါ်စာသင်တိုက်(၅)တိုက်မှ သံဃာတော်(၆၀၅)ပါးအတွက်
Mask(၂၂၅၀)ခု နှင့် Face shield(၁၀)ခုတို့ကို ပထမအကြိမ် အဖြစ် သွားရောက်လှူဒါန်း ထားပါသည်။


ဝိဇ္ဇာရိယကျောင်းစာသင်တိုက် သို့
Mask (၅၀၀)ခု Face shield(၂)ခု

သာသနပါလကျောင်းစာသင်တိုက်
Mask (၅၀၀)ခု Face shield(၂)ခု

ချမ်းသာကြီးကျောင်းစာသင်တိုက်
Mask (၅၀၀)ခု Face shield(၂)ခု

ဆုတောင်းပြည့်ကျောင်းစာသင်တိုက်
Mask (၅၀၀)ခု Face shield(၂)ခု

စိန်တောင်ကျောင်းစာသင်တိုက်
Mask (၂၅၀)ခု Face shield(၂)ခု

စာသင်တိုက်(၅)တိုက်သို့
Mask နှင့် Face shield လှူဒါန်းမှုတန်ဖိုးမှာ
(၁၄၀၀၀၀)တစ်သိန်းလေးသောင်းကျပ်တိတိ ဖြစ်ပါသည်။
မရှိလို့မလှူ ၊ မလှူလို့မရှိ
တစ်ယောက်နဲနဲစီစုပြီးလှူကြမည်
ရွှေပိုးပရဟိတအသင်း













0 Comments:

Post a Comment

Shwe Poe Group
. . . .