(၁၂.၇.၂၀၂၁)ရက် ၊ တနင်္လာနေ့ ၊ ညနေပိုင်းတွင်
စိန်တောင်ကျောင်း ဆရာတော် အရှင်သုန္ဒရဦးဆောင်သော
ရွှေပိုးပရဟိတအသင်း မှ
အလှူရှင်များအားလုံး၏ စုပေါင်းအလှူတော်အနေဖြင့် မိုးနဲမြို့နယ်အတွင်းရှိ ပရိယတ္တိစာပေသင်ယူနေကြသော
စိန်တောင်ကျောင်းတိုက် မှ သံဃာတော်(၄၀)ပါး နှင့်
မွေတော်ကျောင်းတိုက် မှ သံဃာတော်(၁၀)ပါး
စုစုပေါင်းသံဃာတော် အပါး(၅၀)တို့အတွက် စာပေသင်ကြားရာတွင် အသုံးပြုနိုင်ရန်
သံဃာတော်တစ်ပါးလျှင်
စာအုပ် = (၁၂)အုပ်တစ်ဒါဇင်
ဘောပင်= (၅)ချောင်း
ခဲတံ = (၂)ချောင်း
ပေတံ = (၁)ချောင်း(၈)လက်မ
ခဲဖျက် = (၁)ခု နှုန်းဖြင့်
စာရေးကိရိယာ(၅)မျိုး တစ်စုံစာ
တို့ကို သွားရောက်လှူဒါန်းထားပါသည်။
ယနေ့လှူဒါန်းမှုအရေအတွက်
စာအုပ် = (၆၀၀)အုပ်(၅၀)ဒါဇင်
ဘောပင်= (၂၅၀)ချောင်း
ခဲတံ = (၁၀၀)ချောင်း
၈လက်မ ပေတံ = (၅၀)ချောင်း
ခဲဖျက် = (၆၀)ခု
ချွန်စက်=(၉)ခု
ကျန်ရှိသော အခြားစာသင်တိုက်များသို့လည်း လိုက်လံလှူဒါန်းရန် ကျန်ရှိပါသဖြင့် မည်သူမဆို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းနှင့် မိမိတို့နီးစပ်ရာ စာသင်တိုက်များသို့လည်း ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ယခုလှူဒါန်းမှုစုစုပေါင်းတန်ဖိုးမှာ
(၁၇၆၉၀၀)တစ်သိန်းခုနှစ်သောင်းခြောက်ထောင့်ကိုးရာကျပ်တိတိဖြစ်ပါသည်။
မရှိလို့မလှူ ၊ မလှူလို့မရှိ
တစ်ယောက်နဲနဲစီ စုပြီးလှူကြမည်
0 Comments:
Post a Comment