နမ့်မော်လေ နှင့် ဝမ်ယေးကျေးရွာတို့မှ သက်ကြီး/မသန်စွမ်းများကိုလှူဒါန်းမှု

 (၂၅.၂.၂၀၂၁)ရက်(ကြာသပတေးနေ့) နံနက်ပိုင်းတွင်

စိန်တောင်ကျောင်းတိုက်ဆရာတော် ဦးဆောင်သော

ရွှေပိုးပရဟိတအသင်း မှ
အလှူရှင်၊စေတနာရှင်အားလုံးတို့၏စုပေါင်းအလှူတော်အနေဖြင့်
နမ့်မော်လေကျေးရွာ မှ ဘိုးဘွား(၁)ဦး နှင့် ကိုယ်လက်အင်္ဂါမသန်စွမ်း၍
ဝမ်းရေးခက်ခဲနေသူ(၂)ယောက်
ဝမ်ယေး‌ကျေးရွာ မှ ဘိုးဘွား(၅)ယောက်
စုစုပေါင်း(၈)ယောက် တို့ကို
အသက်အရွယ်အိုမင်းခြင်း
ကျောထောက်နောက်ခံသားသမီးမရှိခြင်း
ဝင်ငွေလုံးဝမရှိခြင်း
ကျန်းမာရေးကြောင့်ဝမ်းရေးခက်ခဲနေခြင်း
ကိုယ်လက်အင်္ဂါမသန်စွမ်းပဲ ဆွေမျိုးမိသားစုမရှိခြင်း‌ အကြောင်းအမျိုးမျိုးသောခက်ခဲမှုများကြောင့်
စုစုပေါင်းအိမ်ထောင်စု(၇)ခု မှ
လူဦးရေ(၈)ယောက်အတွက်
အလှူရှင်စေတနာရှင်များအားလုံး၏
စုပေါင်းအလှူတော်အနေဖြင့် အိမ်တိုင်ရာရောက်
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။
နောက်ထပ်နေ့များတွင်လည်း ကျန်ရှိသောကျေးရွာများသို့ထပ်မံလှူဒါန်းရန်ပြင်ဆင်ထားကြောင်း နှင့်ဆက်သွယ်အကြောင်းကြား၍အကူအညီတောင်းခံသူများရှိလျှင်
မည်သည့်ရွာကိုမဆို လိုက်လံလှူဒါန်းထောက်ပံ့ပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

လူတစ်ဦးစာလှူဒါန်းသောပစ္စည်းများ
==============================
၁။ဆန်အိတ်သေး(၅)ပြည်
၂။ဆီ(၅၀)ကျပ်သား
၃။ဆား(၁)ထုပ်
၄။ဟင်းချိုမှုန့်(၁)ထုပ်
၅။ကြက်သွန်နီ(၁)ပိဿာ
၆။ခရမ်းချဉ်သီး(၁)ပိဿာ
၇။ငါးပိ(၅)ထုပ်
၈။ငါးဗူး(၃)ဗူး
၉။ဂေါ်ဖီထုပ်(၁)ထုပ်
၁၀။ကြက် ဥ(၁၀)လုံး
၁၁။အသားတု(၁)ထုပ်
၁၂။ငြုပ်ဆီ(၁)ဗူး
၁၃။ငြုပ်သီးစိမ်း(၁)ဗူး
၁၄။ကုလားပဲ(၅၀)ကျပ်သား
၁၅။ကြာဇံ(၁)ထုပ်
၁၆။ခေါက်ဆွဲဝါ(၁)ထုပ်
၁၇။ပေါင်မုန့်ကြွပ်(၁)ထုပ်
၁၈။ကြက်သွန်ဖြူ(၂၅)ကျပ်သား
၁၉။နံနံပင်(၁)စည်း
၂၀။ပန်းမုန်လာ(၁)ပွင့်
၂၁။မုန်ညှင်းဖြူ(၁)စည်း
၂၂။မြေပဲဆံ(၂)ဗူး
၂၃။ယမ်ယမ်ချဉ်စပ်(၂)ထုပ်

လူတစ်ဦးအတွက်လှူဒါန်းမှုတန်ဖိုးမှာ
===============================
(၂၃၈၅၀)နှစ်သောင်းသုံးထောင့်ရှစ်ရာ့ငါးဆယ်ကျပ်တိတိဖြစ်ပါသည်

ယခုလှူဒါန်းမှုစုစုပေါင်းတန်ဖိုးမှာ
===========================
(၁၉၀၈၀၀)တစ်သိန်းကိုးသောင်းရှစ်ရာကျပ်တိတိဖြစ်ပါသည်
ယနေ့အတွက် ကားအလှူရှင်မှာ
စိန်တောင်ကျောင်းတိုက်ဆရာတော် ဖြစ်ပါသည်။

နတ်လူသာဓုခေါ်စေသောဝ်
ရွှေပိုးပရဟိတအသင်း










0 Comments:

Post a Comment

Shwe Poe Group
. . . .