(၄.၃.၂၀၂၁)ရက်(အင်္ဂါနေ့) နေ့လည်ပိုင်းတွင်
စိန်တောင်ကျောင်းတိုက်ဆရာတော် ဦးဆောင်သော
ရွှေပိုးပရဟိတအသင်း မှ
အလှူရှင်၊စေတနာရှင်အားလုံးတို့၏စုပေါင်းအလှူတော်အနေဖြင့်
လွိုင်မြေရပ်ကွက် မှ အဖွား(၁)ယောက်
ကျောထောက်နောက်ခံသားသမီးမရှိပဲ လေဖြတ်၍အိပ်ယာထဲလဲနေသူ(လက်ရှိကျန်းမာရေးအခြေအနေလုံးဝမကောင်း) စားနပ်ရိက္ခာ+ထောက်ပံ့ငွေ(၂၀၀၀၀)ကျပ်
လွိုင်လျန်းကျေးရွာ မှ အဖွား(၁)ယောက်
ရှာဖွေကျွေးမည့်သားသမီးမရှိ၊လေဖြတ်ထားပြီးအိပ်ယာထဲလဲနေ
နားခံစံပြကျေးရွာ မှ အဖိုးအဖွား(၄)ယောက်
ကျောထောက်နောက်ခံသားသမီးမရှိ၊ဝင်ငွေလုံးဝမရှိ နှင့်
ကိုယ်လက်အင်္ဂါမသန်စွမ်း၍ဝမ်းရေးခက်ခဲနေသောမိသားစု(၁)စုတို့ကို
အသက်အရွယ်အိုမင်းခြင်း
ကျောထောက်နောက်ခံသားသမီးမရှိခြင်း
ဝင်ငွေလုံးဝမရှိခြင်း
ကျန်းမာရေးကြောင့်ဝမ်းရေးခက်ခဲနေခြင်း
ကိုယ်လက်အင်္ဂါမသန်စွမ်းပဲ ဆွေမျိုးမိသားစုမရှိခြင်း အကြောင်းအမျိုးမျိုးသောခက်ခဲမှုများကြောင့်
စုစုပေါင်းအိမ်ထောင်စု(၆)ခု မှလူဦးရေ(၇)ယောက်အတွက်
အလှူရှင်စေတနာရှင်များအားလုံး၏ စုပေါင်းအလှူတော်အနေဖြင့် အိမ်တိုင်ရာရောက်
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။
နောက်ထပ်နေ့များတွင်လည်း ကျန်ရှိသောကျေးရွာများသို့ထပ်မံလှူဒါန်းရန်ပြင်ဆင်ထားကြောင်း နှင့် ဆက်သွယ်အကြောင်းကြား၍အကူအညီတောင်းခံသူများရှိလျှင် မည်သည့်ရွာကိုမဆို လိုက်လံလှူဒါန်းထောက်ပံ့ပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
လူတစ်ဦးစာလှူဒါန်းသောပစ္စည်းများ
==============================
၁။ဆန်(၅)ပြည်
၂။ဆီ(၅၀)ကျပ်သား
၃။ကုလားပဲ(၅၀)ကျပ်သား
၄။ကြက်သွန်နီ(၁)ပိဿာ
၅။ခရမ်းချဉ်သီး(၁)ပိဿာ
၆။ဆား(၁)ထုပ်
၇။ဟင်းချိုမှုန့်(၁)ထုပ်
၈။ယမ်ယမ်ခေါက်ဆွဲ(၃)ထုပ်
၉။ငြုပ်သီးခြောက်(၁)ထုပ်
၁၀။ငါးပိ(၂)ထုပ်
၁၁။ခေါက်ဆွဲဝါ+ကြာဇံ
၁၂။အသားတု(၁)ထုပ်
၁၃။ငါးဗူး(၃)ဗူး
၁၄။ငြုပ်ဆီ(၁)ဗူး
လူတစ်ဦးအတွက်လှူဒါန်းမှုတန်ဖိုးမှာ
===============================
(၁၆၁၅၀)တစ်သောင်းခြောက်ထောင့်တစ်ရာ့ငါးဆယ်ကျပ်တိတိဖြစ်ပါသည်
ယခုလှူဒါန်းမှုစုစုပေါင်းတန်ဖိုးမှာ
===========================
(၁၃၃၀၅၀)တစ်သိန်းသုံးသောင်းသုံးထောင့်ငါးဆယ်ကျပ်တိတိဖြစ်ပါသည်
နတ်လူသာဓုခေါ်စေသောဝ်
0 Comments:
Post a Comment