Oxygen Concentrator စက်များကို လက်ခ(အခမဲ့) ပြုပြင်လှူဒါန်းပေးခြင်း


   မိမိတို့အိမ်တွင် ကိုယ်ပိုင်ဝယ်ယူအသုံးပြုနေကြသော Oxygen Concentrator (လျှပ်စစ်မီးဖြင့် အောက်စီဂျင်ထုတ်ပေးသောစက်)များ အသုံးပြုနေစဉ်
မတော်တဆ ပျက်စီးချို့ယွင်းခြင်းများရှိခဲ့ပါက
⭕ Mongnai Oxygen Bank ⭕ မှ 
လုပ်အားဒါနအနေဖြင့် ပြင်ဆင်စားရိတ်မယူပဲ လက်ခ(အခမဲ့)ပြုပြင်ပေးပါသည်။
   
        အောက်စီဂျင်စက်များ ပြန်လည်ပြုပြင်ရန်အတွက် လိုအပ်သော ပြင်ပမှဝယ်ယူရမည့်ပစ္စည်းတန်ဖိုးကို လာရောက်ပြုပြင်သူများဖက်မှ ဝယ်ယူပေးရမည်ဖြစ်ပြီး ပစ္စည်းဝယ်ယူရန် အဆက်အသွယ်များလိုအပ်လာပါက သက်ဆိုင်ရာကုမ္ပဏီများ နှင့် Service center များဖြင့် ချိတ်ဆက်၍လည်းကူညီပေး‌ပါသည်။ 

   ပြုပြင်ရန်လာရောက်အပ်နှံထားသောစက်များကို တစ်ရက်အတွင်း (သို့မဟုတ်) နှစ်ရက်အတွင်း အမြန်ဆုံးပြုပြင်ပေးနေပြီး ပစ္စည်းမှာယူရမည့်စက်များအတွက် ပစ္စည်းရောက်ရှိချိန်ပေါ်တွင် မူတည်ပါသည်။

       💢 အားလုံးကျန်းမာကြပါစေ 💢

       ⭕ Mongnai Oxygen Bank ⭕

0 Comments:

Post a Comment

Shwe Poe Group
. . . .