⭕ Mongnai Oxygen Bank ⭕ မှလူနာတစ်ဦး၏အသက်ကိုထပ်မံကယ်တင်နိုင်ခြင်း

(၉.၁၁.၂၀၂၁)ရက်နေ့၊နံနက်(၁၂)နာရီခန့်တွင်

   ဖုန်းဖြင့်ဆက်သွယ်၍အကူအညီတောင်းခံလာသော
လူနာတစ်ဦး၏အသက်ကို ( M . O . B )မှ Oxygen နှင့် ဆက်စပ်ကိရိယာများဖြင့် ငှားရမ်း/ကူညီကယ်ဆယ်နိုင်ခဲ့ပါသည်။

      (M.O.B) မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အတွင်းစည်း(Volunteer)တစ်ဦး နှင့် အပြင်စည်း(Volunteer)တစ်ဦးတို့သည် (PPE-LV.3)ဝတ်စုံ (Full great)များဝတ်ဆင်ပြီး ညသန်းခေါင်(၁၂)နာရီကျော်မှ နံနက်(၆)နာရီကျော်အထိ လူနာကို Oxygen (၃)ကြိမ်တိတိပေးခဲ့ရပြီး အနီးကပ်ကူညီစောင့်ရှောက်ခြင်းများ ပြုလုပ်ပေးနိုင်ခဲ့ပါသည်။

     အရေးပေါ်လိုအပ်ခဲ့လျှင် ဆေးရုံသို့ ကူညီပို့ဆောင်ပေးနိုင်ရန် ပရဟိတကွန်ယက်များဖြင့်ချိတ်ဆက်ထားပြီး အရေးပေါ်လူနာတင်ယဉ်(Ambulance)ကိုလည်း (Standby)အသင့်အနေအထား စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

     ယခုလက်ရှိလူနာ၏ အခြေအနေမှာ
(မစိုးရိမ်ရ)အနေအထားဖြင့် ပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်းသိရှိရပြီး ( M . O . B )မှ Oxygen cylinder(40-liter)တစ်လုံးနှင့် ဆက်စပ်ကိရိယာများကို ဆက်လက်ငှားရန်းကူညီလှူဒါန်းပေးလျှက်ရှိပါသည်။

   ယခုကူညီလှူဒါန်းမှုများကို ``ပရဟိတသမားများမှ လုပ်အားဒါန"အနေဖြင့်ကူညီပေးထားပြီး အလှူရှင်‌၊စေတနာရှင်များ စုပေါင်းလှူဒါန်းထားကြသော 
( M. O. B ) မှ ရံပုံငွေဖြင့် လိုအပ်သော(Oxygen)နှင့် ဆက်စပ်ကိရိယာများကို ``အခမဲ့"ငှားရန်းကူညီလှူဒါန်းပေးနိုင်ခဲ့ခြင်းဖြစ်ပါသည်။

    💢ကျနော်တို့အားလုံး စည်းလုံးနေသမျှ💢
  💢``Oxygen"လိုအပ်ချက် ၊ လုံးဝမရှိစေရ💢

          ⭕ Mongnai Oxygen Bank⭕

0 Comments:

Post a Comment

Shwe Poe Group
. . . .