(၁၂.၁၁.၂၀၂၁)ရက် ညနေ (၆)နာရီခန့်အချိန်တွင်
⚜️စိန်တောင်ကျောင်းတိုက်ဆရာတော်⚜️ ထံသို့
ဖုန်းဖြင့် ဆက်သွယ်၍ အကူအညီတောင်းခံလာသဖြင့် အောက်စီဂျင်ထိုးကျနေသော လူနာတစ်ဦးကို ( M.O.B ) အဖွဲ့သားများမှ အိမ်အထိ လိုက်လံကူညီလှူဒါန်းပေးခဲ့ကြပြီး အချိန်(၁)နာရီခန့်အကြာတွင် လူနာ၏ သွေးတွင်းအောက်စီဂျင်ပါဝင်မှုနှုန်းမှာ (၉၃%) အထိ ပြန်လည်မြင့်တက်လာခဲ့ပါသည်။
ယခုနံနက်တွင် လူနာအိမ်မှဆက်သွယ်ပြောကြားချက်အရ လူနာသည် လူကောင်းတစ်ဦးကဲ့သို့ ထနိုင် ၊ ထိုင်နိုင် ၊ သွားလာနိုင်ပြီး အောက်စီဂျင်မလိုပဲ စိတ်ချရသောအနေအထားသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။
( M.O.B )အလှူရှင်များအားလုံး``သာဓု"ခေါ်ဆိုနိုင်ကြစေရန် ပြန်လည်တင်ပြလိုက်ပါသည်။
💢ကျနော်တို့အားလုံး စည်းလုံးနေသမျှ💢
💢``အောက်စီဂျင်"လိုအပ်ချက် လုံးဝမရှိစေရ💢
⭕ Mongnai Oxygen Bank ⭕
0 Comments:
Post a Comment