ပိုးတွေ့လူနာများအတွက်စောင်နှင့်အိပ်ယာခင်းများ(ပထမအကြိမ်)လှူဒါန်းမှု

 



⚜️ရွှေပိုးပရဟိတအသင်း⚜️ ထံသို့
ဆက်သွယ်၍ အကူအညီတောင်းခံလာသဖြင့်
မိုးနဲဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေသော ပိုး‌တွေ့လူနာများထဲမှ ဆင်းရဲနွမ်းပါးပြီး
အမှန်တစ်ကယ်လိုအပ်နေကြသော
အဖိုးအို ၊ အဖွားအိုများ နှင့် ကလေးငယ်များ
💓စုစုပေါင်း လူဦးရေ (၇) ဦးစာအတွက်
👉 စောင်အထူ (၇) ထည်
👉 အိပ်ယာခင်းအထူ (၇) ထည် တို့ကို
🙏စိန်တောင်ကျောင်းတိုက်ဆရာတော်🙏ကိုယ်တိုင်
သွားရောက်ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ပစ္စည်းသယ်ယူပို့ဆောင်ရန် နှင့် ဤအလှူတော်ဖြစ်မြောက်ရန်အတွက် ကူညီပံ့ပိုးပေးကြသော
😍 ကိုထွဋ် ( Loi Lon )
😍 ခြူးခြူး ( ရွှေတိမ်လွှာ )
😍 ဆရာမမျိုးမျိုးအေး နှင့်
🚑``ရှမ်းတောင်တန်း"လူမှုကူညီရေးအသင်း(နားခံ)
တို့အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

🟥(ဒုတိယအကြိမ်)ထပ်မံ လှူဒါန်းနိုင်ရန်အတွက်
မည်သူမဆို ဆက်သွယ်၍လှူဒါန်းနိုင်ပါပြီ။🟥

🙏နတ်လူသာဓုခေါ်စေသောဝ်🙏

⚜️ရွှေပိုးပရဟိတအသင်း⚜️








0 Comments:

Post a Comment

Shwe Poe Group
. . . .