မိုက်နျုစံဆေးခန်းမှ(Volunteer)များနှင့်လူနာများအတွက် လှူဒါန်းမှု

(၈.၉.၂၀၂၁)ရက် ၊ ဗုဒ္ဓဟူးနေ့တွင်

စိန်တောင်ကျောင်းတိုက်ဆရာတော် အရှင်သုန္ဒရ ဦးဆောင်သော
ရွှေပိုးပရဟိတအသင်း ၏ စားနပ်ရိက္ခာပဒေသာပင် မှ
အလှူရှင်များအားလုံး၏ စုပေါင်းအလှူတော်အနေဖြင့် မိုက်နျုစံဆေးခန်းမှ စေတနာ့ဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေသည့်လူနာများအတွက်
၁။ ဆန်(၂၄)ပြည်
၂။ ဆီ(၅)ပိဿာ
၃။ ဆား(၃၀)ထုပ်
၄။ ကြက် ဥ(၂၀၀)လုံး
၅။ ကြက်သွန်နီ(၁၀)ပိဿာ
၆။ အာလူး(၅)ပိဿာ
၇။ ကြက်သွန်ဖြူ(၅)ပိဿာ
၈။ ခရမ်းချဉ်သီး(၁၀)ပိဿာ
၉။ ရုန်းပတီသီးအိတ်ကြီး(၁)အိတ်
၁၀။ ကုလားပဲ(၁၀)ပိဿာ တို့ကို သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။
ယခုလှူဒါန်းမှုတန်ဖိုးမှ
(၁၅၂၅၀၀)တစ်သိန်းငါးသောင်းနှစ်ထောင့်ငါးရာကျပ်တိတိဖြစ်ပါသည်
နောက်ထပ်လှူဒါန်းမှုများအတွက် မည်သူမဆို ပူးပေါင်းပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။
မရှိလို့ မလှူ ၊ မလှူလို့ မရှိ
တစ်ယောက်နဲနဲစီ ၊ စုပြီးလှူကြမည်
နတ်လူသာဓုခေါ်စေသောဝ်
ရွှေပိုးပရဟိတအသင်း



0 Comments:

Post a Comment

Shwe Poe Group
. . . .