Quarantine ဝင်ရောက်နေသော ဆရာ/ဆရာမများအားလုံး၏အိမ်အပြန်ခရီးအတွက်လှူဒါန်းမှု

(၅.၂.၂၀၂၁)ရက်(သောကြာနေ့)နံနက်(၇:၀၀)နာရီတွင်

မိုးနဲမြို့သို့ တာဝန်ထမ်းဆောင်ရန် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြသော
ဆရာ/ဆရာမများသည်
မိုးနဲမြို့ အ.ထ.က Quarantine Center တွင်
Quarantine ဝင်ရောက်၍
သတ်မှတ်သောကာလပြည့်ပြီး
၎င်းးတို့တာဝန်ကျရာ ကျောင်းများသို့
ပြန်လည်ထွက်ခွာသွားကြပါသည်။
မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးထွဋ်
မိုးနဲ(အ.ထ.က)ကျောင်းအုပ်ဆရာကြီးဦးစိုးနိုင်
ရွှေပိုးပရဟိတအသင်း မှ ဦးစိုင်းပင်ဖ
ဆည်မြောင်း(ကတ်နောက်ကျေးရွာ)မှ
လုပ်အားဒါနအနေဖြင့် ထမင်း/ဟင်းချက်ပြုတ်ကျွေးမွေးကြသော စာဖိုမှူးများအုပ်စုတို့မှ

နံနက်စာ
=======
ထမင်းကြော်
ကြက်ဥကြော် သွားရောက်လှူဒါန်းရင်း
၎င်းတို့တာဝန်ကျရာ ကျောင်းများသို့ရောက်ရှိချိန်တွင် စားသောက်ရေးအဆင်ပြေစေရန်အတွက်
မြေပဲဆံအသားတုဘာလချောင်ကြော်တို့ကို
ဆရာ/ဆရာမများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
အိမ်ပြန်ခွင့်ရရှိသောဆရာ/ဆရာမများစုပေါင်း၍
ရွှေပိုးပရဟိတအသင်းသို့
ရိက္ခာပဒေသာပင်အတွက်လှူငွေ(၁၀၀၀၀၀)ကျပ်
ကျောင်းအုပ်ဆရာကြီးဦးစိုးနိုင်ထံသို့ကျောင်းရန်ပုံငွေအတွက်အလှူငွေ(၆၀၀၀၀)ကျပ်တို့ကိုလှူဒါန်းကြရာ
ဆရာကြီးဦးစိုးနိုင်မှ ကျောင်းသို့လှူဒါန်းသော
အလှူငွေ(၆၀၀၀၀)ကျပ်ကိုရွှေပိုးပရဟိတအသင်းသို့ပြန်လည်လှူဒါန်းခဲ့ပါသည်။
မိုးနဲမြို့သူမြို့သားများ ၊ ပရဟိတအသင်းများ၊
ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့်
ဌာနဆိုင်ရာများမှတာဝန်ရှိသူများအားလုံး၏ဝိုင်းဝန်းကြိုးစားမှုကြောင့်
မိုးနဲမြို့ရှိ ကိုဗစ်ကပ်ရောဂါဆိုးကြီးအားအတူတကွပူးပေါင်းတိုက်ဖျက်ကာကွယ်နိုင်ခဲ့ပြီး
မိုးနဲမြို့ အ.ထ.ကQuarantine Center ကို
ယခုချိန်မှစ၍ပိတ်သိမ်းလိုက်နိုင်ပြီဖြစ်ပါသဂါဘေးမှကင်းဝေးကြပါစေ

ရွှေပိုးပရဟိတအသင်း








0 Comments:

Post a Comment

Shwe Poe Group
. . . .