(၂၄.၉.၂၀၂၁)ရက် ၊ နံနက်ပိုင်းတွင်
မိုးနဲမြို့ ၊ အောင်သပြေကျေးရွာ မှ ရိုးရိုးသေဆုံး(Deadbody) ကို ကိုဗစ်ကာလ စည်းကမ်းများနှင့်အညီ မြေမြှုပ်သင်္ဂြိုလ်နိုင်ရန်အတွက်လိုအပ်သော PPE Lv.1-(၁၀)စုံ တို့ကို ထောက်ပံ့လှူဒါန်းထားပါသည်။
ကျန်ရစ်သူမိသားစုမှလည်း ရံပုံငွေအဖြစ် အလှူငွေ(၁၅၀၀၀) တစ်သောင်းငါးထောင်ကျပ်ကို (M.O.B)သို့ ပြန်လည်လှူဒါန်းထားပါသည်။
(၂၃.၉.၂၀၂၁)ရက်နေ့တွင်လည်း
ရှမ်းတောင်တန်းလူမှုကူညီရေးအသင်း နှင့်ချိတ်ဆက်၍ အကူအညီတောင်းခံလာသောဝမ်ယေးရွာမှ နှလုံးရောဂါသည်လူနာတစ်ဦးအား Oxygen(40)literအိုးနှင့် အသက်ရှူကိရိယာများကိုလည်း (ငှားရမ်း)ထောက်ပံ့လှူဒါန်းပေးထားပါသည်။
မိုးနဲမြို့မှ မြို့သူ/မြို့သားများ ၊ အဝေးရောက်အလှူရှင်များ နှင့် (၇)ရက်သားသမီး အလှူရှင်/စေတနာရှင်များအားလုံး၏ စုပေါင်းလှူဒါန်းမှုများဖြင့် တည်ထောင်ထားသော (M.O.B) မှ မိုးနဲမြို့နယ်အတွင်းရှိ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ နှင့် ``Oxygen"လိုအပ်သူများကိုလည်း အချိန်မရွေးကူညီထောက်ပံ့လှူဒါန်းပေးလျှက်ရှိနေပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
အလှူရှင်များအားလုံး``သာဓု"ခေါ်ဆိုနိုင်ပါစေ
0 Comments:
Post a Comment