Mongnai Oxygen Bank (M.O.B)

 Mongnai Oxygen Bank (M.O.B)


လက်ရှိဖြစ်ပေါ်နေသော Covide-19 တတိယလှိုင်းသည် အများအားဖြင့် ကူးစက်လွယ်ပြီး ‌ကူးစက်ခံလူနာအများစုသည် အောက်စီဂျင်ကို ရှူရှိုက်ရန် အဓိကလိုအပ်လာပါသည်။ လက်ရှိကာလတွင် Positive လူနာများအတွက် အောက်စီဂျင်(O2)ရှူရှိုက်ရန်လိုအပ်မှုများဖြစ်ပေါ်လာခဲ့ပါက ခက်ခဲမှုမရှိပဲ အလွယ်တကူရရှိနိုင်ရန်နှင့် အောက်ဆီဂျင်ရှူရှိုက်ရန်လိုအပ်သော မည်သည့်လူနာကိုမဆို အထောက်အကူဖြစ်စေရန်ရည်ရွယ်ပါသည်။
၁။ Mongnai Oxygen Bank (M.O.B) အတွက်
စိန်တောင်ကျောင်းတိုက်ဆရာတော် အရှင်သုန္ဒရဦးဆောင်သော
ရွှေပိုးပရဟိတအသင်း မှ အလှူငွေကောက်ခံသွားမည်ဖြစ်ပါသည်။
၂။ Mongnai Oxygen Bank သည် မိုးနဲလူထုအပိုင်အဖြစ် ပစ္စည်းစုံလင်သောအချိန်ကာလတစ်ခုရောက်လျှင် ပစ္စည်းစာရင်း ၊ဝင်ငွေထွက်ငွေနှင့်တကွ (M.O.B)ကိုတာဝန်ယူကိုင်တွယ်မည့် မိုးနဲမြို့မှအများပြည်သူလက်ခံမည့် မည်သူ့ကိုမဆို ပြန်လည်လွှဲပြောင်းအပ်နှံသွားမည်။
၃။ ကိုင်တွယ်ထိန်းသိမ်းမည့်သူမရှိပါက
ရွှေပိုးပရဟိတအသင်း မှ ယာယီထိန်းသိမ်းပေးထားမည်။
၄။ အလှူငွေ နှင့် ငွေလွှဲမှန်သမျှကို စိန်တောင်ဆရာတော်မှ စာရင်းအသေးစိတ်နှင့်တကွ ထိန်းသိမ်းမည်။
၅။ (M.O.B)မှ အောက်စီဂျင်အိုးများကိုအခကြေးငွေမယူပဲ အခမဲ့ငှားရမ်းလှူဒါန်းပေးသွားမည်ဖြစ်ပြီး
အသုံးပြုပြီး အောက်ဆီဂျင်အိုးအခွံများကို ပြန်လည်အပ်နှံရန်။

ဆက်သွယ်လှူဒါန်းရန်
စိန်တောင်ကျောင်းတိုက်ဆရာတော် အရှင်သုန္ဒရ
KBZ Bank account - 11330111300542801
09.779314565
09.254723710
KPay - 09.254723710

မရှိလို့ မလှူ ၊ မလှူလို့ မရှိ
တစ်ယောက်နဲနဲစီ စုပြီးလှူကြမည်
ရွှေပိုးပရဟိတအသင်း

0 Comments:

Post a Comment

Shwe Poe Group
. . . .