Mongnai Oxygen Bank အတွက်
ယနေ့(၁.၈.၂၀၂၁)ရက်နေ့တွင်
ရှမ်းတောင်တန်း လူမှုကူညီရေးအသင်း
ရွှေပိုးပရဟိတအသင်း(တောင်ကြီးမြို့နယ်)တို့ ချိတ်ဆက်၍
အေးသာယာစက်မှုဇုန်အောက်ဆီဂျင်စက်ရုံမှ မိုးနဲမြို့သို့ရောက်ရှိရန်သွားရောက်သယ်ယူကြပြီး
Oxygen (40)liter (၆)အိုး
Oxygen Flowmeter(၁၃)ခု
အတွင်းရစ်အပြင်ရစ် Adapter(၁)ခု
ထပ်မံရောက်ရှိပြီး ပထမအကြိမ်ရောက်ရှိထားသော
(40)liter (၇) လုံးနှင့် အားလုံးစုစုပေါင်း
Oxygen slender (40)liter (၁၃)လုံးမှ
စုစုပေါင်း Oxygen ပမာဏ(520)liter ကို
သိုလှောင်သိမ်းဆည်းထားနိုင်ပြီဖြစ်ပါသည်။
ရွှေပိုးပရဟိတအသင်း(မန္တလေးမြို့နယ်) မှ ဝယ်ယူတင်ပို့လိုက်သည့် ဆက်စပ်ပစ္စည်းများဖြစ်သော
Oxygen Flowmeter များနှင့် Oximeter များလည်း (M.O.B)သို့ ရောက်ရှိပါပြီ။
ရှမ်းတောင်တန်း လူမှုကူညီရေးအသင်း မှ ပိုးသတ်ဆေးဖြန်းခြင်းများကို ကူညီဆောင်ရွက်ပေးထားပါသည်။
မိုးနဲမြို့နယ်အတွင်းမှ Oxygen Slender အိုးများရှိထားပြီး Oxygen ပြန်လည်ဖြည့်သွင်းရန် လိုအပ်လာပါက
(10)liter အိုး
(15)liter အိုး
(20)liter အိုးများကို
M.O.B မှ Oxygenများကို (အခမဲ့) ဖြည့်သွင်းလှူဒါန်းပေးနေပါပြီ။
မိုးနဲမြို့နယ်အတွင်းမှ Oxygen လိုအပ်သောမည်သူမဆို ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါပြီ။
Volunteer များအတွက် လိုအပ်သော PPEဝတ်စုံ နှင့် ဆက်စပ်ပစ္စည်းများကိုလည်း
ထောက်ပံ့လှူဒါန်းပေးသွားပါမည်။
နောက်တစ်ပတ်အတွင်း
Oxygen(10)literအိုး ၊
(15)liter အိုး ၊
(20)literအိုးများ နှင့်
ဆက်စပ်ပစ္စည်းများဖြစ်ကြသော
အသက်ရှူMask (၃၀)ခု
အသက်ရှူပိုက် (၃၀)ခု
PPE ဝတ်စုံ (၅၀)စုံ
ရော်ဘာလက်အိတ်များ
Face shield များ
အရက်ပျံများ
KF-94 Mask များ
ထပ်မံရောက်ရှိရန်ကျန်ရှိနေပါသေးသည်။
လိုအပ်ချက်များစွာကျန်ရှိသောကြောင့် မည်သူမဆို ထပ်မံ၍လှူဒါန်းနိုင်ပါသည်။
0 Comments:
Post a Comment