ကျောထောက်နောက်ခံမရှိသောဖိုးဖွားများနှင့် မသန်စွမ်းသူများကိုထောက်ပံ့လှူဒါန်းမှု

(၂၃.၆.၂၀၂၁)ရက် (ဗုဒ္ဓဟူးနေ့)နံနက်ပိုင်းတွင်

စိန်တောင်ကျောင်းတိုက်ဆရာတော် အရှင်သုန္ဒရ ဦးဆောင်သော
ရွှေပိုးပရဟိတအသင်းမှ မိုးနဲမြို့နယ်အတွင်းရှိ ကျောထောက်နောက်ခံမရှိသောဖိုးဖွားများနှင့် သန်စွမ်းသူများကိုထောက်ပံ့လှူဒါန

မိုးနဲမြို့(ဥယျာဉ်ရပ်ကွက်)
အဖွားဒေါ်ရွှေနု
===============
အဖွားဒေါ်ရွှေနုသည် သားတစ်ဦးရှိခဲ့သော်လည်း ယခုအချိန်တွင် အဖွား၏သားသည် ဆုံးပါးသွားခဲ့ရသဖြင့် အဖွားတစ်ကိုယ်တည်း ခက်ခဲစွာရပ်တည်နေရပါသည်။
အသက်အရွယ်အိုမင်းခြင်း
ဝင်ငွေလုံးဝမရှိခြင်း
ကျောထောက်နောက်ခံသားသမီးဆွေမျိုးမရှိခြင်း တို့ကြောင့်
ရွှေပိုးပရဟိတအသင်း မှ
တစ်လစာအတွက် စားနပ်ရိက္ခာပစ္စည်းများကိုသွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။

နမ့်မော်လေကျေးရွာ
အဖွားပါဟွမ်နှင့်သမီး
=====================
အဖွားပါဟွမ်တို့မိသားစုတွင် အမေတစ်ခုသမီးတစ်ခုဘဝဖြင့် မိသားစုဝင်(၂)ဦးသာရှိပြီး မိခင်ဖြစ်သူမှာ အသက်(၈၀)ကျော်ပြီး စိတ်ရောဂါဝေဒနာကိုခံစားနေရသဖြင့် အိမ်ပေါ်တွင် ဝါးလုံးတန်းခြံခတ်၍ထားရသောအခြေအနေဖြစ်ပါသည်။ ကျေးရွာလူကြီးပြောပြချက်အရ ဤသို့မထားပါက မကြာခဏခြေဦးတည့်ရာလျှောက်သွားပါ၍ ကားလမ်းပေါ်တွင်ယာဉ်အန္တရာယ်ရှိကြောင်းနှင့် အခြားမမြင်နိုင်သောနောက်ဆက်တွဲပြဿနာများဖြစ်မည်ကိုစိုးရိမ်သောကြောင့် ယခုလိုထိန်းသိမ်းထားရခြင်းဖြစ်ပါသည်။သမီးဖြစ်သူမှာလည်း ဆွံ့အ၊နားမကြားဖြစ်ပါသောကြောင့် အလုပ်လုပ်ကိုင်ရန် လုံးဝအဆင်မပြေပါ။
စိတ်ကျန်းမာရေးဆိုင်ရာချို့ယွင်းခြင်း
ကျောထောက်နောက်ခံမရှိခြင်း
ဝင်ငွေလုံးဝမရှိခြင်းတို့ကြောင့်
ရွှေပိုးပရဟိတအသင်း မှ
တစ်လစာအတွက် စားနပ်ရိက္ခာပစ္စည်းများကို
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။

လုံးစိုင်း (နမ့်မော်လေကျေးရွာ)
===========================
လုံးစိုင်း တွင် မိသားစုဝင်မရှိ၊ကျောထောက်နောက်ခံသားသမီးဆွေမျိုးရင်းချာမရှိပဲ တစ်ကိုယ်တည်းနေထိုင်ရလေသည်။ညာ‌ခြေ ၊ညာလက်အကြောဆိုင်းနေသောကြောင့် မသန်စွမ်းသောဘဝဖြင့် အင်အားရှိသလောက်
ဝမ်းရေးကိုဖြေရှင်းချင်သော်လည်းမဖြစ်နိုင်ပါ။
ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း
ဝင်ငွေလုံးဝမရှိခြင်း
ကျောထောက်နောက်ခံသားသမီးဆွေမျိုးမရှိခြင်း တို့ကြောင့်
ရွှေပိုးပရဟိတအသင်း မှ
တစ်လစာအတွက် စားနပ်ရိက္ခာပစ္စည်းများကို
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။


လွိုင်လျန်းကျေးရွာ
အဖွားပါဆွမ့်
=====================
အဖွားပါဆွမ့်သည် အသက်(၈၀)ကျော်ပြီး
လေဖြတ်ရောဂါကိုခံစားနေရသဖြင့်
အိမ်ယာ‌ပေါ်တွင်သာနေထိုင်ရသောအခြေအနေဖြစ်ပါသည်။ ကျေးရွာလူကြီးပြောပြချက်အရ တစ်ကိုယ်တည်းနေထိုင်ပီး ပတ်ဝန်းကျင်မှ ဝိုင်းဝန်းစောင့်ရှောက်ရသောအနေအထားဖြစ်ပါသည်။
ကျန်းမာရေးဆိုင်ရာချို့ယွင်းခြင်း
ကျောထောက်နောက်ခံမရှိခြင်း
ဝင်ငွေလုံးဝမရှိခြင်းတို့ကြောင့်
ရွှေပိုးပရဟိတအသင်း မှ
တစ်လစာအတွက် စားနပ်ရိက္ခာပစ္စည်းများကို
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။



မယ်ဇလီမြိုင်ကျေးရွာ
အဖွားအာဖူးမနှင့်(သား)အားဆာခါ
============================
အဖွားအာဖူးမတို့မိသားစုတွင်
အမေတစ်ခုသားတစ်ခုဘဝဖြင့်
မိသားစုဝင်(၂)ဦးသာရှိပြီး
မိခင်ဖြစ်သူမှာ အသက်(၈၄)ကျော်ပြီး
သားဖြစ်သူမှာမွေးရာပါ ဆွံ့အနားမကြား ရောဂါဝေဒနာကိုခံစားနေရပါသည်။ ကျေးရွာလူကြီးပြောပြချက်အရ သားဖြစ်သူမှာလည်း ဆွံ့အ၊နားမကြားဖြစ်ပါသောကြောင့် အလုပ်လုပ်ကိုင်ရန် လုံးဝအဆင်မပြေပါ။
ကျန်းမာရေးဆိုင်ရာချို့ယွင်းခြင်း
ကျောထောက်နောက်ခံမရှိခြင်း
ဝင်ငွေလုံးဝမရှိခြင်းတို့ကြောင့်
ရွှေပိုးပရဟိတအသင်း မှ
တစ်လစာအတွက် စားနပ်ရိက္ခာပစ္စည်းများကို
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။
လူတစ်ဦးစာလှူဒါန်းသောပစ္စည်းများ
============================
၁။ဆန်(၆)ပြည်
၂။ဆီဗူးကြီး(၁)ဗူး
၃။ဆား(၁)ထုပ်
၄။ဟင်းချိုမှုန့်(၁)ထုပ်
၅။ကြက်သွန်နီ(၁)ပိဿာ
၆။ကြက်သွန်ဖြူ(၁)ထုပ်
၇။ခရမ်းချဉ်သီး(၁)ပိဿာ
၈။အာလူး(၁)ပိဿာ
၉။ငါးသေတ္တာ(၃)ဗူး
၁၀။ယမ်ယမ်ခေါက်ဆွဲ(၅)ထုပ်
၁၁။ပဲပုတ်(၁)ထုပ်
၁၂။ကြက် ဥ(၁၀)လုံး
၁၃။မုန့်ကြွပ်(၃)ထုပ်
၁၄။ရှူးရှဲလက်ဖက်(၁)ထုပ်
၁၅။အသားတု(၁)ထုပ်
၁၆။ကုလားပဲ(၁)ပိဿာ
၁၇။ငါးပိ(၅)ထုပ်
၁၈။ခေါက်ဆွဲဝါ(၁)ထုပ်
၁၉။ကြာဇံ(၂)ထုပ်
၂၀။ဆပ်ပြာမှုန့်(၁)ထုပ်
၂၁။ငြုပ်ဆီ(၂)ဗူး
၂၂။အကြော်(၁)ထုပ်
လူတစ်ဦးအတွက်လှူဒါန်းမှုတန်ဖိုးမှာ
===============================
(၂၇၃၀၀)နှစ်သောင်းခုနှစ်ထောင်‌သုံးရာကျပ်တိတိဖြစ်ပါသည်
ယခုလှူဒါန်းမှုစုစုပေါင်းတန်ဖိုးမှာ
===========================
(၁၉၁၁၀၀)တစ်သိန်းကိုးသောင်းတစ်ထောင့်တစ်ရာကျပ်တိတိဖြစ်ပါသည်။

နတ်လူသာဓုခေါ်စေသောဝ်
ရွှေပိုးပရဟိတအသင်း




















0 Comments:

Post a Comment

Shwe Poe Group
. . . .