အသက်(၁၀၁)နှစ် နှင့် အသက်(၉၉)နှစ် သက်ကြီးဖိုးဖွားများကိုထောက်ပံ့လှူဒါန်းမှု

(၁၆.၁.၂၀၂၁)ရက်(စနေနေ့)ညနေပိုင်းတွင်
စိန်တောင်ကျောင်းတိုက်ဆရာတော် ဦးဆောင်သော
ရွှေပိုးပရဟိတအသင် မှ

မယ့်ထောက်စန်းလီ(နားခံကျေးရွာ)
=============================
မယ့်ထောက်စန်းလီ သည်
အသက်(၁၀၁)နှစ်အရွယ်ရှိပြီး
အသက်(၇၀)ကျော်သမီးနှင့်နေထိုင်ပါသည်။
လက်ရှိအခြေအနေတွင် အိပ်ယာထဲလဲနေပြီး
ကျန်းမာရေးကောင်းမွန်လျှက်ရှိကြောင်းသိရှိရပါသည်။
အသက်(၁၀၀)ကျော် ဖြစ်ခြင်းကြောင့်
ရွှေပိုးပရဟိတအသင်းမှ
စားနပ်ရိက္ခာပစ္စည်းများကို
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။

မယ့်ထောက်ယုံ(နောင်ဆိုင်းရွာ)
==========================
မယ့်ထောက်ယုံ သည်
အသက်(၉၉)နှစ်အရွယ်ရှိပြီး
ဆွေမျိုးတော်စပ်သူတစ်ဦးနှင့်နေထိုင်ပါသည်။
လက်ရှိအခြေအနေတွင် သွားလာလှုရှားနေပြီး
ကျန်းမာရေးကောင်းမွန်လျှက်ရှိကြောင်းသိရှိရပါသည်။
သက်(၁၀၀)ဝန်းကျင်ဖြစ်ခြင်း
ကျောထောက်နောက်ခံသားသမီးမရှိခြင်း
ဝင်ငွေလုံးဝမရှိခြင်းတို့ကြောင့်
ရွှေပိုးပရဟိတအသင်းမှ
စားနပ်ရိက္ခာပစ္စည်းများကို
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။

လူတစ်ဦးစာလှူဒါန်းသောပစ္စည်းများ
==============================
၁။ဆန်အိတ်သေး(၁)အိတ်
၂။ဆီ(၁)ဗူး
၃။ဆား(၁)ပိဿာ
၄။ဟင်းချိုမှုန့်(၁)ထုပ်
၅။ကြက်သွန်နီ(၁)ပိဿာ
၆။ခရမ်းချဉ်သီး(၁)ပိဿာ
၇။ယမ်ယမ်ခေါက်ဆွဲ(၅)ထုပ်
၈။ငါးပိ(၅)ထုပ်
၉။ငါးဗူး(၃)ဗူး
၁၀။ကွကျ ဗူး(၁)ဗူး
၁၁။ပဲပုတ်(၁၃)ကျပ်သား
၁၂။ကြက် ဥ(၅)လုံး
၁၃။အသားတု(၁)ထုပ်
၁၄။မရွေးအထုပ်ကြီး(၁)ထုပ်
၁၅။ငြုပ်ဆီ(၁)ဗူး
၁၆။ငြုပ်သီးခြောက်(၁)ထုပ်
၁၇။ကုလားပဲ(၁)ပိဿာ
၁၈။ကြာဇံအထုပ်သေး(၂)ထုပ်
၁၉။ခေါက်ဆွဲဝါ(၁)ထုပ်
၂၀။ကြက်သွန်ဖြူ(၂၅)ကျပ်သား
၂၁။လျှက်ဆား(၁)ဗူး
လူတစ်ဦးအတွက်လှူဒါန်းမှုတန်ဖိုးမှာ
===============================
(၂၁၂၀၀)နှစ်သောင်းတစ်ထောင်နှစ်ရာကျပ်တိတိဖြစ်ပါသည်
ယခုလှူဒါန်းမှုစုစုပေါင်းတန်ဖိုးမှာ
===========================
(၄၂၄၀၀)လေးသောင်းနှစ်ထောင့်လေးရာကျပ်တိတိဖြစ်ပါသည်
နတ်လူသာဓုခေါ်စေသောဝ်
ရွှေပိုးပရဟိတအသင်း






0 Comments:

Post a Comment

Shwe Poe Group
. . . .