(၂၁.၄.၂၀၂၁)ရက် ၊ (ဗုဒ္ဓဟူးနေ့) တွင်
စိန်တောင်ကျောင်းတိုက်ဆရာတော်ဦးဆောင်သော
ရွှေပိုးပရဟိတအသင်း မှ
အလှူရှင်၊စေတနာရှင်အားလုံးတို့၏စုပေါင်းအလှူတော်အနေဖြင့်
ဆိုင်းဖယ်ကျေးရွာ မှ အဖွားပါနန်းအွန်သည်
ကျောထောက်နောက်ခံသားသမီးမရှိခြင်းကြောင့်
အလှူရှင်စေတနာရှင်များအားလုံး၏စုပေါင်းအလှူတော်အနေဖြင့် အိမ်တိုင်ရာရောက်
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။
နောက်ထပ်နေ့များတွင်လည်း ကျန်ရှိသောကျေးရွာများသို့
ထပ်မံလှူဒါန်းရန်ပြင်ဆင်ထားကြောင်း နှင့် ဆက်သွယ်အကြောင်းကြား၍ အကူအညီတောင်းခံသူများရှိလျှင် မည်သည့်ရွာကိုမဆို လိုက်လံလှူဒါန်းထောက်ပံ့ပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
လူတစ်ဦးစာလှူဒါန်းသောပစ္စည်းများ
==============================
၁။ဆန်(၅)ပြည်
၂။ဆီ(၃၅)ကျပ်သား
၃။ကုလားပဲ(၁)ပိဿာ
၄။ကြက်သွန်နီ(၁)ပိဿာ
၅။ခရမ်းချဉ်သီး(၁)ပိဿာ
၆။ဆား(၅၀)ကျပ်သ
၇။ဟင်းချိုမှုန့်(၁)ထုပ်
၈။ယမ်ယမ်ခေါက်ဆွဲ(၅)ထုပ်
၉။ငြုပ်သီးခြောက်(၁)ထုပ်
၁၀။ပဲပုတ်(၂၅)ကျပ်သား
၁၁။ခေါက်ဆွဲဝါ(၁)ထုပ်
၁၂။အသားတု(၂၅)ကျပ်သား
၁၃။ငါးဗူး(၂)ဗူး
၁၄။ငြုပ်ဆီ(၂)ဗူး
၁၅။အာလူး(၁)ပိဿာ
၁၆။ကြက် ဥ(၁၀)လုံး
၁၇။ကြာဇံ(၄)ထုပ်
၁၈။ခရမ်းသီး(၁)စည်း
၁၉။သခွါးသီး(၁)ထုပ်
၂၀။ဂေါ်ဖီထုပ်(၁)ထုပ်
၂၁။ဂျင်း(၁)ထုပ်
၂၂။ငါးခြောက်(၁)ထုပ်
၂၃။ဆပ်ပြာခဲ(၃)ခဲ
၂၄။ရေသန့်ဗူးသေး(၁၂)ဗူး
ယခုလှူဒါန်းမှုစုစုပေါင်းတန်ဖိုးမှာ
===========================
(၂၈၂၀၀)နှစ်သောင်းရှစ်ထောင့်နှစ်ရာကျပ်တိတိဖြစ်ပါသည်
နတ်လူသာဓုခေါ်စေသောဝ်
0 Comments:
Post a Comment