ဆိုင်းဖယ်ကျေးရွာမှ ကျန်းမာရေးချို့တဲ့နေသောဘိုးဘွားများကို ထောက်ပံ့လှူဒါန်းမှု🙏

(၈.၃.၂၀၂၁)ရက်(တနင်္လာနေ့)နေ့လည်ပိုင်းတွင်

စိန်တောင်ကျောင်းတိုက်ဆရာတော် ဦးဆောင်သော
ရွှေပိုးပရဟိတအသင်း မှ
အလှူရှင်၊စေတနာရှင်အားလုံးတို့၏
စုပေါင်းအလှူတော်အနေဖြင့်
ဆိုင်းဖယ်ကျေးရွာ မှ အဖွားပါအောင်ကို
အသက်အရွယ်အိုမင်းခြင်း
ကျောထောက်နောက်ခံသားသမီးမရှိခြင်း
ဝင်ငွေလုံးဝမရှိခြင်း
ကျန်းမာရေးကြောင့်ဝမ်းရေးခက်ခဲနေခြင်း
စသည့် အကြောင်းအမျိုးမျိုးသောခက်ခဲမှုများကြောင့်
အလှူရှင်စေတနာရှင်များအားလုံး၏
စုပေါင်းအလှူတော်အနေဖြင့် အိမ်တိုင်ရာရောက်
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။

လူတစ်ဦးစာလှူဒါန်းသောပစ္စည်းများ
==============================
၁။ဆန်(၅)ပြည်
၂။ဆီ(၅၀)ကျပ်သား
၃။ကုလားပဲ(၅၀)ကျပ်သား
၄။ငါးဗူး(၃)ဗူး
၅။ကြက် ဥ(၅)လုံး
၆။အာလူး(၅၀)ကျပ်သား
၇။ဟင်းချိုမှုန့်(၁)ထုပ်
၈။ကြက်သွန်နီ(၁)ပိဿာ
၉။ခရမ်းချဉ်သီး(၁)ပိဿာ
၁၀။ဟင်းချိုမှုန့်အထုပ်သေး(၁)ထုပ်
၁၁။ငါးပိ(၅)ထုပ်
၁၂။အသားတု(၂၅)ကျပ်သား
၁၃။ဂေါ်ဖီထုပ်(၂)လုံး
၁၄။ပန်းမုန်လာ(၁)ပွင့်
၁၅။ဆား(၅၀)ကျပ်သား
၁၆။ငြုပ်ဆီ(၁)ဗူး
လူတစ်ဦးအတွက်လှူဒါန်းမှုတန်ဖိုးမှာ
===============================
(၁၈၁၀၀)တစ်သောင်းရှစ်ထောင့်တစ်ရာကျပ်တိတိဖြစ်ပါသည်
ယခုလှူဒါန်းမှုစုစုပေါင်းတန်ဖိုးမှာ
===========================
(၁၈၁၀၀)တစ်သောင်းရှစ်ထောင့်တစ်ရာကျပ်တိတိဖြစ်ပါသည်
နတ်လူသာဓုခေါ်စေသောဝ်
ရွှေပိုးပရဟိတအသင်း


0 Comments:

Post a Comment

Shwe Poe Group
. . . .