(၁၅.၆.၂၀၂၁)ရက် ၊ (အင်္ဂါနေ့)
မိုးနဲမြို့ ၊ စိန်တောင်ကျောင်းတိုက်တွင် စာပေသင်ကြားနေကြသော ကိုရင်ငယ်လေးများ၏ အားလပ်သည့်အချိန်မျာတွင် ကျန်းမာရေးအတွက် ကိုယ်လက်ကြံ့ခိုင်စေရန် လိုအပ်သော အားကစားလှုပ်ရှားမှုများကို ပြုလုပ်နိုင်စေရန် ....
စိန်တောင်ကျောင်းတိုက်ရှိ သံဃာတော်များ
မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မှ အား/ကာမှူး ဒေါ်နန်းသန်းသန်းစိုး ဦးဆောင်သောအဖွဲ့
ရွှေပိုးပရဟိတအသင်း မှ အသင်းသားများစုပေါင်း၍
ကိုရင်ငယ်လေးများ စာဝါရပ်နားအားလပ်ချိန်များတွင်
ကျန်းမာရေး နှင့် ကိုယ်လက်ကြံ့ခိုင်စေရန်အတွက်
ဘောလုံအားကစား နှင့် ခြင်းလုံးအားကစားများကို ကစားနိုင်ရန်
ဖူဆယ်ဘောလုံးကွင်း ကို ပြုလုပ်လှူဒါန်းခဲ့ကြပါသည်။
အားကစားအတွက်လိုအပ်သော ဘောလုံးများ ၊ ခြင်းလုံးများ ၊ ဂိုးပိုက်များ ၊ဘောလုံးကွင်းထုံးစည်းတားခြင်းများ ၊ ဂိုးတိုင်တည်ဆောက်ခြင်းများ နှင့် လိုအပ်သော နည်းစနစ်များကို မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါ်နန်းသန်းသန်းစိုးနှင့်အဖွဲ့ မှ အထူးထောက်ပံ့လှူဒါန်းထားပါသည်။
နောက်ထပ်ဖြည့်စွက်ပြုပြင်ရန်ကျန်ရှိနေမှုများကိုလည်း ထပ်မှန်၍ ထောက်ပံ့လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မိုးနဲမြို့နယ် အား/ကာမှူး ဒေါ်နန်းသန်းသန်းစိုး ထံမှသိရှိရပါသည်။ ယခုအခါတွင် ဖူဆယ်ဘောလုံးကွင်းအတွင်း ကိုရင်ငယ်လေးများ စတင်ဆော့ကစားနေကြပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။
နတ်လူသာဓုခေါ်စေသောဝ်
0 Comments:
Post a Comment