(၁.၂.၂၀၂၁)ရက် (တနင်္လာနေ့)နံနက်ပိုင်းတွင်
စိန်တောင်ဆရာတော် ဦးဆောင်သော
ရွှေပိုးပရဟိတအသင်း မှ
သောက်သုံးရေခက်ခဲမှုဖြင့်ရင်ဆိုင်နေရသော
မိုက်နျုစံကျေးရွာ ရှိ အိမ်ခြေ(၁၀၀)ကျော် မှ
လူဦးရေ(၆၀၀)ကျော်အတွက်
မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာန နှင့်ပူးပေါင်း၍ ရေဂါလံ(၈၀၀)ဆန့် မီးသတ်ကားဖြင့်
မိုးနဲမြို့ မှ မိုက်နျုစံကျေးရွာသို့(၁)ကြိမ်
မောက်မယ်မြို့နယ် ရေပြာကန်မှရေကိုသွားရောက်သယ်ယူပြီး
မိုက်နျုစံကျေးရွာသို့(၁)ကြိမ် စုစုပေါင်း(၂)ကြိမ်တိတိနှင့် ရေဂါလံ(၁၆၀၀)ကို
သောက်သုံးရေခက်ခဲနေသော မိုက်နျုစံကျေးရွာသို့သွားရောက်လှူဒါန်းထားပါသည်။
ယခုလှူဒါန်းမှုအတွက်
=====================
ရွှေပိုးပရဟိတအသင်း နှင့်
မိုးနဲမြို့နယ်မီးသတ်ဌာနတို့ပူးပေါင်း၍
လှူဒါန်းခြင်းဖြစ်ပါသည်။
မီးသတ်ကားအတွက် လိုအပ်သော
ကားဆီကို
မန္တလေးမြို့တွင်နေထိုင်သော
ကိုစိုးကြီး နှင့် ကိုနောင်နောင်
(ခွေးဘီလူးကားရောင်းဝယ်ရေးGroup)
တို့မှ ထောက်ပံ့လှူဒါန်းထားပါသည်။
နတ်လူသာဓုခေါ်စေသောဝ်
0 Comments:
Post a Comment