(၃.၇.၂၀၂၁)ရက် စနေနေ့)နေ့လည်ပိုင်းတွင်
စိန်တောင်ကျောင်းတိုက်ဆရာတော် အရှင်သုန္ဒရ ဦးဆောင်သော
ရွှေပိုးပရဟိတအသင်း မှ
မိုးနဲမြို့နယ်အတွင်း ရှိ နောင်ဆိုင်းရွာမှ အသက်(၁၀၀)ကျော် အဖွားအိုတစ်ဦး နှင့်
နောင်ခမ်းရွာတို့မှ ကျောထောက်နောက်ခံမရှိသောဖိုးဖွားများ လူဦးရေ(၅)ယောက်စာအတွက် တစ်လစာ စားနပ်ရိက္ခာများကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ လှူဒါန်းပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် သွေးပေါင်ချိန်ခြင်း ၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။
နောင်ဆိုင်းရွာ
၁။ မယ်ထောက်ယုံ(၁) အသက်(၁၀၀)နှစ်
၂။ မယ်ထောက်ယုံ(၂) အသက်(၉၁)နှစ်
၃။ မယ်ထောက်စင် အသက်(၇၅)နှစ်
ယခုဖော်ပြပါအဖိုးအဖွားများကို ကျန်းမာရေးချို့ယွင်းခြင်း ၊ ဝင်ငွေလုံးဝမရှိခြင်း ၊ကျောထောက်နောက်ခံသားသမီး ၊ ဆွေမျိုးမရှိခြင်း တို့ကြောင့်
ရွှေပိုးပရဟိတအသင်း မှ
တစ်လစာအတွက် စားနပ်ရိက္ခာပစ္စည်းများကို သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။
နောင်ခမ်းရွာ
၁။ အဖိုးလုံးတ
၂။ အဖွားပါနန်း
ယခုဖော်ပြပါအဖိုးအဖွားများကို
ကျန်းမာရေးချို့ယွင်းခြင်း
ဝင်ငွေလုံးဝမရှိခြင်း
ကျောထောက်နောက်ခံသားသမီးဆွေမျိုးမရှိခြင်း တို့ကြောင့်
ရွှေပိုးပရဟိတအသင်း မှ
တစ်လစာအတွက် စားနပ်ရိက္ခာပစ္စည်းများကို
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။
လူတစ်ဦးစာလှူဒါန်းသောပစ္စည်းများ
============================
၁။ဆန်(၆)ပြည်
၂။ဆီ(၁)ဗူး
၃။ဆား(၁)ထုပ်
၄။အာလူး(၁)ပိဿာ
၅။ဂေါ်ဖီထုပ်(၁)လုံး
၆။ခရမ်းချဉ်သီး(၅၀)ကျပ်သား
၇။ကြက်သွန်နီ(၁)ပိဿာ
၈။ကြက်သွန်ဖြူ(၂၅)သား
၉။ငါးဗူး(၃)ဗူး
၁၀။ငြုပ်ဆီ(၁)ဗူး
၁၁။အသားတု(၁)ထုပ်
၁၂။ထောပတ်ပဲ(၁)ဗူး
၁၃။ငြုပ်သီးစိမ်း(၂)ဗူး
၁၄။ငြုပ်သီးခြောက်(၁)ထုပ်
၁၅။ကြာဇံ(၁)ထုပ်
၁၆။ခေါက်ဆွဲဝါ(၁)ထုပ်
၁၇။ဂေါ်ဇီလာဆပ်ပြာ(၃)ခဲ
၁၈။ကြက် ဥ(၅)လုံး
၁၉။ယမ်ယမ်ချဉ်စပ်ခေါက်ဆွဲ(၃)ထုပ်
၂၀။ငါးပိ(၅)ထုပ်
၂၁။ငါးခြောက်(၁၀)ကျပ်သား
၂၂။ထန်းလျက်(၁)ထုပ်
၂၃။ဟင်းချိုမှုန့်(၁)ထုပ်
၂၄။မုန့်ကြွပ်(၂)ထုပ်
လူတစ်ဦးအတွက်လှူဒါန်းမှုတန်ဖိုးမှာ
=============================
(၂၃၅၈၀)နှစ်သောင်းသုံးထောင့်တငါးရာ့ရှစ်ဆယ်ကျပ်ဖြစ်ပါသည်
ယခုလှူဒါန်းမှုစုစုပေါင်းတန်ဖိုးမှာ
===========================
(၁၁၇၉၀၀)တစ်သိန်းတစ်သောင်းခုနှစ်ထောင့်ကိုးရာကျပ်တိတိဖြစ်ပါသည်။
မရှိလို့ မလှူ ၊ မလှူလို့ မရှိ
တစ်ယောက်နဲနဲစီ ၊ စုပြီးလှူကြမည်
နတ်လူသာဓုခေါ်စေသောဝ်
0 Comments:
Post a Comment