ကျောထောက်နောက်ခံဆွေမျိုးနှင့်သားသမီးမရှိသော အဖိုးအဖွားများသို့လှူဒါန်းမှု

ကာဟ(ပန်စိမ်း)ရွာ/ဝမ်ကြူရွာ/ဝမ်မိုင်ရွာ/ခိုမွန်ရွာ/ဝမ်မိုင်ရွာတို့မှ
သက်ကြီးဘိုးဘွားများကိုထောက်ပံ့လှူဒါန်းမှု
(၂.၂.၂၀၂၁)ရက်
(အင်္ဂါနေ့)တွင်
စိန်တောင်ကျောင်းတိုက်ဆရာတော်
ဦးဆောင်သော
ရွှေပိုးပရဟိတအသင်းမှ
အလှူရှင်၊စေတနာရှင်အားလုံးတို့၏
စုပေါင်းအလှူတော်အနေဖြင့်
ကာဟ(ပန်စိမ်း)ရွာ မှ ဘိုးဘွား(၁၀)ဦး
ဝမ်ကြူရွာ မှ ဘိုးဘွား(၅)ဦး
ခိုမွန်ရွာ နှင့်ဝမ်မိုင်ရွာ မှ ဘိုးဘွား(၇)ဦးတို့ရှိ
အသက်အရွယ်အိုမင်းခြင်း
ကျောထောက်နောက်ခံသားသမီးမရှိခြင်း
ဝင်ငွေလုံးဝမရှိခြင်း
ကျန်းမာရေးကြောင့်ဝမ်းရေးခက်ခဲနေသူများ
စုစုပေါင်းအိမ်ထောင်စု(၂၂)ခု မှ
လူဦးရေ(၂၂)ယောက်အတွက်
အလှူရှင်စေတနာရှင်များအားလုံး၏
စုပေါင်းအလှူတော်အနေဖြင့် အိမ်တိုင်ရာရောက်
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။
နောက်ထပ်နေ့များတွင်လည်း
ကျန်ရှိသောကျေးရွာများသို့
ထပ်မံလှူဒါန်းရန်ပြင်ဆင်ထားကြောင်း နှင့်
ဆက်သွယ်အကြောင်းကြား၍
အကူအညီတောင်းခံသူများရှိလျှင်
မည်သည့်ရွာကိုမဆို
လိုက်လံလှူဒါန်းထောက်ပံ့ပေးမည်ဖြစ်ကြောင်း
အသိပေးကြေငြာအပ်ပါသည်။

လူတစ်ဦးစာလှူဒါန်းသောပစ္စည်းများ
==============================
၁။ဆန်အိတ်သေး(၅)ပြည်
၂။ဆီ(၅၀)ကျပ်သား
၃။ဆား(၁)ထုပ်
၄။ဟင်းချိုမှုန့်(၁)ထုပ်
၅။ကြက်သွန်နီ(၅၀)ကျပ်သား
၆။ခရမ်းချဉ်သီး(၅၀)ကျပ်သား
၇။ငါးပိ(၅)ထုပ်
၈။ငါးဗူး(၃)ဗူး
၉။ဂေါ်ဖီထုပ်(၁)ထုပ်
၁၀။ကြက် ဥ(၅)လုံး
၁၁။အသားတု(၁)ထုပ်
၁၂။ငြုပ်ဆီ(၁)ဗူး
၁၃။ငြုပ်သီးခြောက်(၁)ထုပ်
၁၄။ကုလားပဲ(၅၀)ကျပ်သား
၁၅။ကြာဇံ(၁)ထုပ်
၁၆။ခေါက်ဆွဲဝါ(၁)ထုပ်
လူတစ်ဦးအတွက်လှူဒါန်းမှုတန်ဖိုးမှာ
===============================
(၁၆၀၅၀)တစ်သောင်းခြောက်ထောင့်ငါးဆယ်ကျပ်တိတိဖြစ်ပါသည်
ယခုလှူဒါန်းမှုစုစုပေါင်းတန်ဖိုးမှာ
===========================
(၃၅၃၁၀၀)သုံးသိန်းငါးသောင်းသုံးထောင့်တစ်ရာကျပ်တိတိဖြစ်ပါသည်

နတ်လူသာဓုခေါ်စေသောဝ်
ရွှေပိုးပရဟိတအသင်း




















0 Comments:

Post a Comment

Shwe Poe Group
. . . .