(၂၈.၁.၂၀၂၁)ရက် (ကြာသပတေးနေ့)တွင်
စိန်တောင်ကျောင်းတိုက်ဆရာတော်ဦးဆောင်သော
ရွှေပိုးပရဟိတအသင်းနှင့်အတူ
မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးထွဋ်
ဌာနဆိုင်ရာမှ တာဝန်ရှိသူများ
မိုးနဲမြို့ဆန်စက်လုပ်ငန်းရှင်များ
ကိုးကန့်စာပေနှင့်ယဉ်ကျေးမှုအသင်း
မိုးနဲမြို့နယ်ကြက်ခြေနီအသင်း တို့မှ
အလှူရှင်၊စေတနာရှင်အားလုံးတို့၏စုပေါင်းအလှူတော်အနေဖြင့် မိုးနဲမြို့ပေါ်ရပ်ကွက်များနှင့်ရွာ(၁၀)ရွာတို့မှ သက်ကြီးရွယ်အိုများနှင့်မသန်စွမ်းများကိုစားနပ်ရိက္ခာထောက်ပံ့လှူဒါန်းမှုတို့ရှိ
အသက်အရွယ်အိုမင်းခြင်း
ကျောထောက်နောက်ခံသားသမီးမရှိခြင်း
ဝင်ငွေလုံးဝမရှိခြင်း
ကျန်းမာရေးကြောင့်ဝမ်းရေးခက်ခဲနေသူများ
စုစုပေါင်းအိမ်ထောင်စု(၂၀)မှ
လူဦးရေ(၂၂)ယောက်အတွက်
အလှူရှင်စေတနာရှင်များအားလုံး၏
စုပေါင်းအလှူတော်အနေဖြင့် အိမ်တိုင်ရာရောက်
စားနပ်ရိက္ခာပစ္စည်းများ
အနွေးထည်များ
အမှန်တကယ်လိုအပ်သောအဖိုးအဖွားများအတွက် စောင်၊ခြင်ထောင်၊အိပ်ယာခင်းတို့ကို
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။
စောင်၊ခြင်ထောင်၊အိပ်ယာခင်း နှင့် အနွေးထည်များကို
မိုးနဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး မှ
ထောက်ပံ့လှူဒါန်းပေးထားပါသည်
နောက်ထပ်နေ့များတွင်လည်း
ကျန်ရှိသောကျေးရွာ(၇)ရွာသို့
ထပ်မံလှူဒါန်းရန်ပြင်ဆင်ထားကြောင်း နှင့်
ဆက်သွယ်အကြောင်းကြား၍
အကူအညီတောင်းခံသူများရှိလျှင် မည်သည့်ရွာကိုမဆို
လိုက်လံလှူဒါန်းထောက်ပံ့ပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
လူတစ်ဦးစာလှူဒါန်းသောပစ္စည်းများ
==============================
၁။ဆန်အိတ်သေး(၅)ပြည်
၂။ဆီ(၅၀)ကျပ်သား
၃။ဆား(၁)ထုပ်
၄။ဟင်းချိုမှုန့်(၁)ထုပ်
၅။ကြက်သွန်နီ(၅၀)ကျပ်သား
၆။ခရမ်းချဉ်သီး(၅၀)ကျပ်သား
၇။အာလူး(၅၀)ကျပ်သား
၈။ငါးပိ(၅)ထုပ်
၉။ငါးဗူး(၃)ဗူး
၁၀။ပန်းမုန်လာ(၁)ပွင့်
၁၁။ဂေါ်ဖီထုပ်(၁)ထုပ်
၁၂။ကြက် ဥ(၅)လုံး
၁၃။အသားတု(၁)ထုပ်
၁၄။မြေပဲ(၂)ဗူး
၁၅။ငြုပ်ဆီ(၁)ဗူး
၁၆။ငြုပ်သီးခြောက်(၁)ထုပ်
၁၇။ကုလားပဲ(၅၀)ကျပ်သား
၁၈။ကြာဇံ(၁)ထုပ်
၁၉။ခေါက်ဆွဲဝါ(၁)ထုပ်
၂၀။ကြက်သွန်ဖြူ(၂၅)ကျပ်သား
လူတစ်ဦးအတွက်လှူဒါန်းမှုတန်ဖိုးမှာ
===============================
(၁၈၅၅၀)တစ်သောင်းရှစ်ထောင့်ငါးရာ့ငါးဆယ်ကျပ်တိတိဖြစ်ပါသည်
ယခုလှူဒါန်းမှုစုစုပေါင်းတန်ဖိုးမှာ
===========================
(၄၀၈၁၀၀)လေးသိန်းရှစ်ထောင့်တစ်ရာကျပ်တိတိဖြစ်ပါသည်
နတ်လူသာဓုခေါ်စေသောဝ်
0 Comments:
Post a Comment