ရွာ(၂၄)ရွာမှလူဦးရေ(၁၄၀၀)ကျော်အတွက် ဆေးဝါးပစ္စည်းများလှူဒါန်းမှု

(၈.၉.၂၀၂၁)ရက် ၊ ဗုဒ္ဓဟူးနေ့တွင်

စိန်တောင်ကျောင်းတိုက်ဆရာတော် အရှင်သုန္ဒရ ဦးဆောင်သော
ရွှေပိုးပရဟိတအသင်း ဆေးပဒေသာပင် မှ
လစဉ်ထောက်ပံ့လှူဒါန်းသော ဆေးဝါးများဖြင့်
မိုက်နျုစံကျေးရွာရှိ ပုဂ္ဂလိကပရဟိတအခမဲ့ဆေးခန်းသည် ရွာပေါင်း(၂၄)ရွာရှိ လူဦး‌ရေ(၁၄၀၀)ကျော်အတွက်
(၇)ရက်သားသမီး မည်သူ့ကိုမဆို အခမဲ့ဆေးဝါးကုသပေးခြင်းဖြစ်ပြီး ရက်ရှည်ဆေးဝါးကုသမှုခံယူသည့်လူနာများကိုလည်း နေ့စဉ်ထမင်းကျွေးလှူဒါန်းလျှက်ရှိပါသည်။ လိုအပ်သော‌ဆေးဝါးများကို အလှူရှင်များအားလုံး၏ စုပေါင်းအလှူတော်အနေဖြင့် သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။

ယခုဆေးလှူဒါန်းမှုတန်ဖိုးမှာ
(၅၆၈၇၂၀)ငါးသိန်းခြောက်သောင်းရှစ်ထောင့်ခုနှစ်ရာ့နှစ်ဆယ်ကျပ်တိတိဖြစ်ပါသည်။

မရှိလို့မလှူ ၊ မလှူလို့မရှိ
တစ်ယောက်နဲနဲစီ ၊ စုပြီးလှူကြမည်
နတ်လူသာဓုခေါ်စေသောဝ်
ရွှေပိုးပရဟိတအသင်း





0 Comments:

Post a Comment

Shwe Poe Group
. . . .