နားခံကျေးရွာရှိ သက်ကြီးရွယ်အိုများနှင့်မသန်စွမ်းသူများကိုထောက်ပံ့လှူဒါန်းမှု

(၁၆.၁.၂၀၂၁)ရက် (စနေနေ့)နေ့လည်ပိုင်းတွင်
စိန်တောင်ကျောင်းတိုက်ဆရာတော်
ဦးဆောင်သော
ရွှေပိုးပရဟိတအသင်း မှ
မယ့်ထောက်လမ်(နားခံကျေးရွာ)
===========================
မယ့်ထောက်လမ် တွင် မိသားစုဝင်မရှိပဲ တစ်ကိုယ်တည်းနေထိုင်ပြီး
ဝမ်းရေးကိုခက်ခဲစွာဖြေရှင်းနေရပါသည်။
အသက်အရွက်အိုမင်းခြင်း
ဝင်ငွေလုံးဝမရှိခြင်းတို့ကြောင့်
ရွှေပိုးပရဟိတအသင်း မှ စားနပ်ရိက္ခာပစ္စည်းများကို
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။
လုံးသာနှင့်ပါလိတ်(နားခံကျေးရွာ)
============================
လုံးသာနှင့်ပါလိတ် တို့တွင် မိသားစုဝင်မရှိ၊ကျောထောက်နောက်ခံသားသမီးဆွေမျိုးရင်းချာမရှိပဲ နေထိုင်ရလေသည်။
အသက်အရွက်အိုမင်းခြင်းကြောင့်
ဝမ်းရေးကိုခက်ခဲစွာဖြေရှင်းနေရပါသည်။
အသက်အရွယ်အိုမင်းခြင်း
ဝင်ငွေလုံးဝမရှိခြင်း
ကျောထောက်နောက်ခံသားသမီးဆွေမျိုးမရှိခြင်း တို့ကြောင့်
ရွှေပိုးပရဟိတအသင်းမှ
စားနပ်ရိက္ခာပစ္စည်းများကို
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။

နန်းပေါက်(နားခံကျေးရွာ)
=========================
နန်းပေါက် တွင် တစ်နှစ်မပြည့်သောကလေးငယ်နှင့် အမေတစ်ခုသမီးတစ်ခုဘဝဖြင့်
နေထိုင်ရလေသည်။
ကြောင့်
ဝမ်းရေးကိုခက်ခဲစွာဖြေရှင်းနေရပါသည်။
နားမကြားခြင်း
ကျန်းမာရေးမကောင်းခြင်း
ဝင်ငွေလုံးဝမရှိခြင်း
ကျောထောက်နောက်ခံသားသမီးဆွေမျိုးမရှိခြင်း တို့ကြောင့်
ရွှေပိုးပရဟိတအသင်း မှ
စားနပ်ရိက္ခာပစ္စည်းများကို
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။

လူတစ်ဦးစာလှူဒါန်းသောပစ္စည်းများ
==============================
၁။ဆန်အိတ်သေး(၁)အိတ်
၂။ဆီ(၁)ဗူး
၃။ဆား(၁)ပိဿာ
၄။ဟင်းချိုမှုန့်(၁)ထုပ်
၅။ကြက်သွန်နီ(၁)ပိဿာ
၆။ခရမ်းချဉ်သီး(၁)ပိဿာ
၇။ယမ်ယမ်ခေါက်ဆွဲ(၅)ထုပ်
၈။ငါးပိ(၅)ထုပ်
၉။ငါးဗူး(၃)ဗူး
၁၀။ကြက်သား ဗူး(၁)ဗူး
၁၁။ပဲပုတ်(၁၃)ကျပ်သား
၁၂။ကြက် ဥ(၅)လုံး
၁၃။အသားတု(၁)ထုပ်
၁၄။မရွေးအထုပ်ကြီး(၁)ထုပ်
၁၅။ငြုပ်ဆီ(၁)ဗူး
၁၆။ငြုပ်သီးခြောက်(၁)ထုပ်
၁၇။ကုလားပဲ(၁)ပိဿာ
၁၈။ကြာဇံအထုပ်သေး(၂)ထုပ်
၁၉။ခေါက်ဆွဲဝါ(၁)ထုပ်
၂၀။ကြက်သွန်ဖြူ(၂၅)ကျပ်သား
၂၁။လျှက်ဆား(၁)ဗူး

လူတစ်ဦးအတွက်လှူဒါန်းမှုတန်ဖိုးမှာ
===============================
(၂၁၂၀၀)နှစ်သောင်းတစ်ထောင်နှစ်ရာကျပ်တိတိဖြစ်ပါသည်

ယခုလှူဒါန်းမှုစုစုပေါင်းတန်ဖိုးမှာ
===========================
(၆၃၆၀၀)ခြောက်သောင်းသုံးထောင့်ခြောက်ရာကျပ်တိတိဖြစ်ပါသည်။
နတ်လူသာဓုခေါ်စေသောဝ်

ရွှေပိုးပရဟိတအသင်း










0 Comments:

Post a Comment

Shwe Poe Group
. . . .