(၇.၁.၂၀၂၁)ရက် (ကြာသပတေးနေ့)ညနေပိုင်းတွင်
နားခံကမ္မဌာန်းကျောင်း QurentinCenterရှိ
Quarantineဝင်ရောက်နေသူ(၃)ဦးကို
စောင့်ကြည့်ကာလ(၁၄)ရက်ပြည့်ပြီး
Negative(ပိုးမရှိ)အဖြေထွက်သဖြင့်
၎င်းတို့နေရပ်ဖြစ်သော မိုးနဲမြို့နယ်
နားခံကျေးရွာအုပ်စု ၊ ဝမ်ယေးကျေးရွာမှ
၎င်းတို့၏နေအိမ်သို့
ရွှေပိုးပရဟိတအသင်းမှ တာဝန်ရှိသူများ
ရှမ်းတောင်တန်းလူမှုကူညီရေးအသင်း မှ
ဦးသန်းလှိုင် နှင့် တာဝန်ရှိသူများမှ စုပေါင်း၍
ပြန်လည်ပို့ဆောင်ပေးခဲ့ကြပါသည်။
နားခံကမ္မဌာန်းကျောင်း Quarantine center တွင် စောင့်ကြည့်လူနာများ မရှိတော့ပါသဖြင့်
ရှမ်းတောင်တန်းလူမှုကူညီရေးအသင်း မှ
Quarantine Center အတွင်း
သန့်ရှင်းရေးလုပ်ခြင်း
ပိုးသတ်ဆေးဖြန်းခြင်းများပြုလုပ်ပြီး
နားခံကမ္မဌာန်းကျောင်းQuarantineCenter ကို
ယနေ့ညနေပိုင်းမှစ၍
ပိတ်သိမ်းလိုက်နိုင်ပြီဖြစ်ပါသည်။
မိုးနဲမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ ၊
ဒေသခံများ ၊ ပရဟိတအသင်းအဖွဲ့များ ၊
ဌာနဆိုင်ရာတာဝန်ရှိသူများအားလုံး၏
စုပေါင်းအင်အားဖြင့် Quarantine Centerများတစ်ခုပြီးတစ်ခု ပိတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။
မိုးနဲမြို့နယ်အတွင်းရှိ Covid-19 ရောဂါကို
ကာကွယ်ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း
Maskတပ်ခြင်း
ကျန်းမာရေးနှင့်အညီနေထိုင်ခြင်း
လူစုလူဝေးများကိုရှောင်ကျဉ်ခြင်းတို့ဖြင့်
ဆက်လက်နေထိုင်သင့်ကြောင်း
မိုးနဲမြို့နယ်Covid-19ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ ထုတ်ပြန်ကြေငြာထားပါသည်။
ရောဂါကင်းဝေးကြပါစေ
ရွှေပိုးပရဟိတအသင်း
0 Comments:
Post a Comment