ကျန်းမာရေးမကောင်းသူများနှင့် မသန်စွမ်းသူများကိုထောက်ပံ့လှူဒါန်းမှု

(၉.၁.၂၀၂၁)ရက်
(စနေနေ့)နေ့လည်ပိုင်းတွင်
စိန်တောင်ဆရာတော် ဦးဆောင်သော
ရွှေပိုးပရဟိတအသင်း မှ မိုးနဲမြို့၊နမ့်မော်လေကျေးရွာ ရှိ
ကျန်းမာရေးချို့ယွင်းမှုကြောင့်
ဝမ်းရေးခက်ခဲနေသောမိသားစုများကို
လိုက်လံထောက်ပံ့လှူဒါန်းမှု အဖွားပါဟွမ်နှင့်သမီး
အဖွားပါဟွမ်တို့မိသားစုတွင်
အမေတစ်ခုသမီးတစ်ခုဘဝဖြင့်
မိသားစုဝင်(၂)ဦးသာရှိပြီး
မိခင်ဖြစ်သူမှာ အသက်(၈၀)ကျော်ပြီး
စိတ်ရောဂါဝေဒနာကိုခံစားနေရသဖြင့်
အိမ်ပေါ်တွင် ဝါးလုံးတန်းခြံခတ်၍ထားရသောအခြေအနေဖြစ်ပါသည်။ ကျေးရွာလူကြီးပြောပြချက်အရ ဤသို့မထားပါက မကြာခဏခြေဦးတည့်ရာလျှောက်သွားပါ၍ ကားလမ်းပေါ်တွင်ယာဉ်အန္တရာယ်ရှိကြောင်းနှင့် အခြားမမြင်နိုင်သောနောက်ဆက်တွဲပြဿနာများဖြစ်မည်ကိုစိုးရိမ်သောကြောင့် ယခုလိုထိန်းသိမ်းထားရခြင်းဖြစ်ပါသည်။သမီးဖြစ်သူမှာလည်း ဆွံ့အ၊နားမကြားဖြစ်ပါသောကြောင့် အလုပ်လုပ်ကိုင်ရန် လုံးဝအဆင်မပြေပါ။ စိတ်ကျန်းမာရေးဆိုင်ရာချို့ယွင်းခြင်း ကျောထောက်နောက်ခံမရှိခြင်း ဝင်ငွေလုံးဝမရှိခြင်းတို့ကြောင့်
ရွှေပိုးပရဟိတအသင်း မှ
စားနပ်ရိက္ခာပစ္စည်းများကို
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။ လုံးစိုင်း(နမ့်မော်လေကျေးရွာ)
လုံးစိုင်း တွင် မိသားစုဝင်မရှိ၊ကျောထောက်နောက်ခံသားသမီးဆွေမျိုးရင်းချာမရှိပဲ တစ်ကိုယ်တည်းနေထိုင်ရလေသည်။ညာ‌ခြေ ၊ညာလက်အကြောဆိုင်းနေသောကြောင့် မသန်စွမ်းသောဘဝဖြင့် အင်အားရှိသလောက်
ဝမ်းရေးကိုဖြေရှင်းချင်သော်လည်းမဖြစ်နိုင်ပါ။ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း
ဝင်ငွေလုံးဝမရှိခြင်း
ကျောထောက်နောက်ခံသားသမီးဆွေမျိုးမရှိခြင်း တို့ကြောင့်
ရွှေပိုးပရဟိတအသင်းမှ
စားနပ်ရိက္ခာပစ္စည်းများကို
သွားရောက်ထောက်ပံ့လှူဒါန်းထားပါသည်။ လူတစ်ဦးစာလှူဒါန်းသောပစ္စည်းများ =====================
၁။ဆန်အိတ်သေး(၁)အိတ်
၂။ဆီ(၁)ဗူး
၃။ဆား(၁)ပိဿာ
၄။ဟင်းချိုမှုန့်(၁)ထုပ်
၅။ကြက်သွန်နီ(၂၅)ကျပ်သား
၆။ခရမ်းချဉ်သီး(၇၀)ကျပ်သား
၇။ယမ်ယမ်ခေါက်ဆွဲ(၅)ထုပ်
၈။ငါးပိ(၅)ထုပ်
၉။ငါးဗူး(၃)ဗူး
၁၀။ကြက်သားဗူး(၁)ဗူး
၁၁။ပဲပုတ်(၂၅)ကျပ်သား
၁၂။ကြက်ဥ(၅)လုံး
၁၃။မုန့်ကြွပ်အထုပ်ကြီး(၁)ထုပ်
၁၄။မရွေးအထုပ်ကြီး(၁)ထုပ် လူတစ်ဦးအတွက်လှူဒါန်းမှုတန်ဖိုးမှာ (၁၆၃၀၀)တစ်သောင်းခြောက်ထောင်သုံးရာကျပ်တိတိဖြစ်ပါသည် ယခုလှူဒါန်းမှုစုစုပေါင်းတန်ဖိုးမှာ
(၄၈၉၀၀)လေးသောင်းရှစ်ထောင်ကိုးရာကျပ်တိတိဖြစ်ပါသည်။
နတ်လူသာဓုခေါ်စေသောဝ်
ရွှေပိုးပရဟိတအသင်း







0 Comments:

Post a Comment

Shwe Poe Group
. . . .