ရှေးဟောင်းအမွေအနှစ်များ လိုက်လံရှာဖွေရေးခရီးစဉ်

(၁၁.၁.၂၀၂၁)ရက် (တနင်္လာနေ့)တွင်

မိုးနဲမြို့ မှ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ရှာဖွေဖော်ထုတ်ရေးအဖွဲ့သားများဖြစ်ကြသော

လုံးစိုင်းမောင်ကြီး စိုင်းမျိုး တို့နှစ်ဦးနှင့်အတူ စိန်တောင်ဆရာတော် လွိုင်ခွမ်ဆရာတော် လုံးစိုင်းဆမ်လော(ကျားခေါင်းပါတီ) လုံးတာ ဦးထွန်းလှ(ရွှေပိုးဥက္ကဌ) နှင့် ရွှေပိုးပရဟိတအသင်း မှ အသင်းသူအသင်းသားတို့က
ရှေးဟောင်းအမွေအနှစ် ရှာဖွေဖော်ထုတ်ရေးခရီးစဉ်ကို လိုက်ပါကူညီခဲ့ကြပါသည်။
မည်သို့မှတန်ဖိုးဖြတ်မရသောသမိုင်းအမွေအနှစ်များကို
ကားဖြင့်တစ်မျိုး ၊ ထော်လာဂျီဖြင့်တဆင့် ၊လမ်းလျှောက်တောတိုးရင်း ခက်ခဲမှုများစွာဖြင့်
တောအထပ်ထပ် တောင်အသွယ်သွယ်ကြားသို့ပင်ပန်းခက်ခဲစွာ လိုက်လံရှာဖွေကြသော
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာအဖွဲ့သားများကိုလည်း ယခုလိုကူညီခွင့်ရသည့်အတွက် ရွှေပိုးပရဟိတအသင်း မှ
အတိုင်းမသိဝမ်းမြောက်ဂုဏ်ယူမိပါသည်။
နောက်နောင်များတွင်လည်း ယခုလိုခရီးစဉ်များကို
ဆက်လက်ကူညီပံ့ပိုးပေးရန်အစီအစဉ်ရှိပါကြောင်းနှင့် ရှေးဟောင်းယဉ်ကျေးမှုများကို တန်ဖိုးထားချစ်မြတ်နိုးကြသော မည်သူမဆို လိုက်ပါနိုင်ကြစေရန်တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ရှေးဟောင်းအမွေအနှစ်များကို ဝိုင်းဝန်းထိန်းသိမ်းကြပါစို့
ရွှေပိုးပရဟိတအသင်း

0 Comments:

Post a Comment

Shwe Poe Group
. . . .