ရှေးဟောင်းလေးမျက်နှာဘုရား ပြန်လည်ပြုပြင်မွမ်းမံရန် ကြိုတင်ပြင်ဆင်ခြင်း

(၁၁.၁.၂၀၂၁)ရက် (အင်္ဂါနေ့)ညနေပိုင်းတွင်

မိုးနဲမြို့အဝင်၊နမ့်မော်ဆွမ့်ကျေးရွာ
စိန်တောင်ဘုန်းကြီးကျောင်းအတွင်းရှိ ရှေးဟောင်းလေးမျက်နှာဘုရား နှင့် ဘုရားပရဝုဏ် မြေထိန်းနံရံ အထက်ရင်ပြင် အောက်ရင်ပြင် တို့ကို
ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများပြုလုပ်နိုင်ရန်အတွက် မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှုး ဦးစိုးထွဋ် မိုးနဲမြို့ရှေးဟောင်းသုတေသနအဖွဲ့မှ လုံးစိုင်းမောင်ကြီး နှင့် ရွှေပိုးပရဟိတအသင်း မှတာဝန်ရှိသူများ စုပေါင်း၍
ဘုရားပရဝုဏ်မြေတိုင်းတာခြင်းငုတ်စိုက်မှတ်သားထုံးဖြူးခြင်းနှင့်
ရင်ပြင်တဝိုက်လိုအပ်ချက်များကို ညှိနှိုင်းတိုင်ပင်ကာ ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါသည်။
ရှေးလူကြီးများတည်ထားကိုးကွယ်ခဲ့သောရှေးဟောင်းလေးမျက်နှာဘုရားများကို
ပြုပြင်ထိန်းသိမ်းရန်နှင့် နောင်လာနောက်သားများအတွက်လက်ဆင့်ကမ်းဖူးမျှော်နိုင်စေရန်အလို့ငှာ ရွှေပိုးပရဟိတအသင်း နှင့်အတူအလှူရှင်စေတနာရှင် (၇)ရက်သားသမီးများအနေဖြင့်လည်း မည်သူမဆို လာရောက်ပူးပေါင်းလှူဒါန်းနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
သမိုင်းဖြစ်ဖို့ သမိုင်းရေးစို့

ရွှေပိုးပရဟိတအသင်း






0 Comments:

Post a Comment

Shwe Poe Group
. . . .